ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်

ပြည်သူတွေ နေရပ်စွ့န်ခွာထွက်ပြေးရမှုက အိန္ဒိယနိုင်ငံတွင်းသို့ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံ လိုက် ဝင်ရောက်မှုဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ ဂျီနီဗာမြို့တော်ရှိ အခြား နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ အိန္ဒိယနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် အင်ဒရာမန်နီပန်ဒေးက စက်တင်ဘာလ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်တာကြောင့် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ တိုက်ရိုက် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ မြန်မာနိုင်ငံတွင်းက လက် ရှိအခြေအနေတွေကြောင့် အိန္ဒိယနိုင်ငံတွင်းသို့ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်မှုဖြစ်စေခဲ့ တယ်” လို့ သူက ပြောပါတယ်။

အိန္ဒိယနိုင်ငံတွင်း နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တိုးလာပြီး မြန်မာနိုင်ငံတွင်း လက်ရှိအခြေအနေတွေ က အိမ်နီးချင်းတိုင်းပြည်တွေအပေါ် အကျိုးသက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပြီလို့ သူက ဆိုပါ တယ်။

အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်စဲဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အပြုသဘောဆောင် သော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မြန်မာ့အကျပ်အတည်းကို အဖြေရှာဖို့နဲ့ မြန်မာနိုင်ငံကို အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဖို့ အိန္ဒိယနိုင်ငံက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့တယ်လို့ ကုလသ မဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ အိန္ဒိယနိုင်ငံကိုယ်စား ထုတ်ပြန်ချက်တစ်ခုအ တွင်း သူက ပြောပါတယ်။

မြန်မာ့အရေး အာဆီယံဉီးဆောင်တဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဆဲဖြစ်ပြီး အာဆီယံအဖွဲ့ရဲ့ ဗဟိုပြုမှုနဲ့ စည်းလုံးညီညွတ်မှုကို ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံရေးအဖြေရှာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ပြီး ထောက်ခံကြောင်း အင်ဒရာက ဆက်ပြောပါ တယ်။

အိန္ဒိယနိုင်ငံက လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့ပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်ရလင့်ကစား မြန် မာနိုင်ငံမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဖွဲ့စည်းပုံဆိုင်ရာစနစ်နဲ့ ဖက်ဒရယ်စနစ် နယ်ပယ်တွေအပါအဝင် ဒီမိုကရေစီစနစ်တွေမှာ စွမ်းဆောင်ရည် တွေ တည်ဆောက်ဖို့ အိန္ဒိယနိုင်ငံက သက်ဆိုင်သူအသီးသီးနဲ့ လက်တွဲဆောင်ရွက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ကိုးကား – ANI
Ref; Indian envoy to UN highlights ongoing situation in Myanmar at Human Rights Council session

#Ayeyarwaddy_Times