ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

ရန်ကုန်တိုင်း၊ ဒလမြို့နယ် မြို့မရဲစခန်းရှိ အချုပ်ခန်းတွင် အချုပ်ကျနေသည့် အချုပ်သား ခြောက်ဦး ယမန်နေ့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ရဲစခန်းအမိုးကို ဖောက်၍ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ဒလမြို့နယ်ရဲစခန်းမှ အချုပ်သား ခြောက်ဦး ယနေ့ နံနက်ပိုင်းတွင် ထွက်ပြေးလွတ် မြောက်သွားသည့်အတွက် ရဲစခန်းတာ၀န်ရှိသူများက အပူတပြင်း လိုက်လံရှာဖွေနေ ကြောင်း ဒလရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။

“စခန်းမှူးလည်း ပြာနေပြီ။ ရှာနေ‌တာ ခုထိမတွေ့သေးဘူး။ စခန်းထဲကအချုပ်ရဲ့ ခေါင်မိုးကိုဖောက်ပြီး ထွက်ပြေးသွားကြတာ။ အမှုအစုံပါပဲ”ဟု ဒလမြို့နယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ အပူတပြင်းလိုက်လံ ရှာဖွေနေသော်လည်း ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများ ကို ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

#ရန်ကုန် #ဒလမြို့မရဲစခန်း #အချုပ်ခန်းဖောက်ပြေး #အချုပ်သား၆ဦး #ထွက်ပြေးလွတ်မြောက် #Ayeyarwaddy_Times