ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါယှန်ရွာအနီး စစ် ကိုင်း-မုံရွာလမ်းပိုင်းတွင် လုံခြုံရေးယူနေသည့် ချောင်းဦးPDF ဂိတ်အား ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘော်နှစ်ဦး ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အင်အား ၃၀ ပါ စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၇ နာရီ၀န်းကျင်က ၁၂ ဘီးကားများဖြင့် ရောက်ရှိလာပြီး ချောင်းဦးPDF တပ်ဖွဲ့၀င်များ လုံခြုံရေး ယူနေသည့် ဂိတ်ကို တိုက်ခိုက်ခဲ့ရာ ပကဖရဲ ဘော် လေးဦး ဒဏ်ရာရရှိပြီး နှစ်ဦး ခေါင်းဖြတ် သတ်ဖြတ်ခံခဲ့ရကြောင်း ချောင်းဦး(ပကဖ)တာ၀န်ရှိသူက ထံကသိရသည်။

“ရဲဘော် နှစ်ဦးကို ခေါင်းတွေ လက်တွေ၊ ခြေထောက်တွေကို ဖြတ်ပြီးသတ်သွားတယ်။ ၄ ယောက်က မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။ ကျန်တဲ့ရဲဘော်တွေကတော့ တိမ်းရှောင်နိုင်ခဲ့တယ်”ဟု ချောင်းဦး(ပကဖ) တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ယခုတိုက်ခိုက်သည့်ဖြစ်စဉ် မဖြစ်ပွားခင် နံနက်အစောပိုင်းက စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် စစ်ကောင်စီတပ်သားများကို ချနေစဉ် နောက်ထပ် ရဟတ်ယာဉ်တစ်စီးမှ မင်းတည်၊ မင်းခေါင်နှင့် မကျည်းခွရွာများကို လှည့်ပတ်၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် ဒေသကာကွယ်ရေးဘက်မှ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ ကင်းပုန်း၀ပ်ကာ ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

#စစ်ကိုင်း #မန္တလေးမုံရွာလမ်း #စစ်ကောင်စီတပ် #ချောင်းဦးPDF #ရဲဘော်၂ဦး #ခေါင်းဖြတ်သတ်ဖြတ်ခံရ #Ayeyarwaddy_Times