
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်း တိုက်ခိုက်ခံရပြီး ရပ်နားထားသည့်ဂျက်ဖိုက်တာ နှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း ကချင်ပြည်နယ်အခြေ စိုက်တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က အဆိုပါ လေတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ၉၀ မမ နှစ်လုံး၊ ၁၀၇ မမ နှစ်လုံးတို့ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ဒီမစ်ရှင်ကို ကြိုးစားနေတာကြာပြီ။ စားနပ်ရိက္ခာအတွက် ရုန်းကန် နေရတော့ ငွေကြေးမပြည့်စုံလို့ မြို့ပေါ်ဆင်းပြီး လေ့လာချဉ်းကပ်ရတာ မလွယ်ဘူး။ စိတ်ရှည်ရှည်နဲ့စောင့်ပြီးလုပ်ခဲ့ရတာ။ အခက်အခဲအမျိုးမျိုးကြားက လုပ်ခဲ့ရပြီး ရဲဘော် တွေလည်း အထိအခိုက်မရှိဘဲ မစ်ရှင်အောင်မြင်ခဲ့တယ်”ဟု ကချင်ပြည်နယ်အခြေစိုက် တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့ (NBPDF)အဖွဲ့ တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်၌ စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာ နှစ်စီးထိခိုက် ပျက်စီးခဲ့ပြီး လေတပ်ဆက် သွယ်ရေးတာဝါတိုင်၊ တိုက်လေယာဉ်စက်ပြင်ဂိုထောင်နှင့် အရာရှိဆောင်တို့ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်များသည် ၎င်းတို့၏ မြေပြင်စစ်ကြောင်းထိုးမှုများ အထိနာ၍ ထိခိုက်သေဆုံးမှုများနေသည့်အတွက် လေကြောင်းမှတိုက်ခိုက်မှုကို အများဆုံး အသုံးပြုနေကြောင်း ကချင်ပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ပုံစာ-မြစ်ကြီးနားရှိ စစ်ကောင်စီလေတပ်စခန်းတိုက် ခိုက်ခံရပြီး ဂျက်ဖိုက်တာများ မီးလောင်ပျက်စီးနေသည့်ပုံ
#ကချင် #မြစ်ကြီးနား #စစ်ကောင်စီ #လေတပ်တိုက်ခိုက်ခံရ #ဂျက်ဖိုက်တာ၂စီးပျက်စီး #NBPDF #Ayeyarwaddy_Times