
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်
ပြည်တွင်းဖြစ် ကေအက်ဖ်-၂၁ ဂျက်တိုက်လေယာဉ်တစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် မနေ့က စမ်းသပ် မောင်းနှင်ခဲ့ရာ တောင်ကိုရီးယားနိုင်ငံက ခေတ်မီ အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တစ်စင်း ထုတ်လုပ်ပျံ သန်းနိုင်တဲ့ ကမ္ဘာ့နိုင်ငံအနည်းစုထဲမှာ ပါဝင်လာပါတယ်။
ကေအက်ဖ်-၂၁ ဂျက်တိုက်လေယာဉ်တစ်စင်းက တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဆေချွန်မြို့ရှိ လေ တပ်အခြေစိုက်စခန်းတစ်ခုကနေ ၃၃ မိနစ်ကြာ စမ်းသပ်မောင်းနှင်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းမှာ စိတ်လှုပ်ရှားမှုရှိခဲ့ပေမယ့် လေယာဉ်ပျံတက်ပြီးတဲ့နောက် စီစဉ်ထားတဲ့အတိုင်း ချောချော မွေ့မွေ့ မောင်းနှင်နိုင်ခဲ့တယ်လို့ လေယာဉ်မှူး ဗိုလ်မှူး အန်ဂျန်ဟွန်းက ပြောပါတယ်။
ဒီဂျက်တိုက်လေယာဉ်ဟာ ၂၀၂၆ ခုနှစ်အထိ စမ်းသပ်မောင်းနှင်မှု အကြိမ်ရေ ၂၀၀၀ ကျော် ပြုလုပ်မယ်ဆို တဲ့ ကိုရီးယား အာကာသလုပ်ငန်းက ထုတ်လုပ်တဲ့ ကေအက်ဖ်-၂၁ ခြောက်စင်းထဲက ပထမတစ်စင်းဖြစ်ပါတယ်။
၂၀၃၀ ပြည့်နှစ်မတိုင်မီ တောင်ကိုရီးယားလေတပ်သို့ ကေအက်ဖ်-၂၁ ဂျက်တိုက်လေယာဉ် အစင်းရေ ၁၂၀ အထိ ပေးပို့နိုင်မယ်လို့ မျှော်မှန်းရပါတယ်။
မနေ့က ကေအက်ဖ်-၂၁ ဂျက်တိုက်လေယာဉ်ကို စမ်းသပ်မောင်းနှင်ရာမှာ ဝေဟင်-ဝေဟင်ခွင်းဒုံးလေး စင်း၊ ရှာဖွေရေးနဲ့ ခြေရာခံစနစ်တစ်စုံ တပ်ဆင်ကာ တစ်နာရီလျင် ကီလိုမီတာ ၄၀၀ အထိ ရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုက ကေအက်ဖ်-၂၁ ဂျက်တိုက်လေယာဉ် စမ်းသပ်မောင်းနှင်မှုက နိုင်ငံ့ကာကွယ်ရေးမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုလို့ ပြောကြားခဲ့ပါတယ်။ ကေအက်ဖ်-၂၁ ဆိုတာ တောင်ကိုရီးယားနိုင်ငံက အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ တောင်ကိုရီး ယားနဲ့ အင်ဒိုနီးရှားကြား ဖက်စပ်စီမံကိန်းတစ်ခု ဖြစ်ပါတယ်။
ကိုးကား – CNN
Ref; South Korea joins supersonic fighter club as KF-21 jet takes to skies