ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရှင်မင်းဒွေရွာအား စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၂ နာရီ မိနစ်၂၀ ခန့်က စတင်ကာ မီးတင်ရှို့နေကြောင်း Narapati Local Guerrilla Revolution Force (NLGRF) က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ ရွာအတွင်းဝင်ရောက်စီးနင်းစဥ် ဖမ်းဆီးခံရသော ပြည်သူများအား နေပူထဲတွင် ထိုင်ခိုင်းထားပြီး ၎င်းတို့အနက်မှ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” ရွာထဲမှာ ဖမ်းမိတဲ့ အပြစ်မဲ့ပြည်သူတွေကို နေပူထဲမှာထိုင်ခိုင်းထားတယ်။ပြည်သူ ၃ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်လို့ သိရတယ်။ ရှင်မင်းဒွေရွာထဲက မီးခိုးလုံးများအဝေးမှပင်မြင်နေရတယ်။ မီးရှို့ခံရတဲ့ အိမ်ခြေများနိုင်ပါတယ်။ အတိအကျတော့ မသိရသေးပါဘူး” ဟု Narapati Local Guerrilla Revolution Force (NLGRF)မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခင်ဦးမြို့နယ်၊ ရှင်မင်းဒွေရွာသည် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး လက်ရှိတွင် ရွာအတွင်းမှ မီးခိုးလုံးများကို အဝေးမှပင်မြင်တွေ့နေရကြောင်း မျက်မြင်တွေ့ရှိသူအချို့ထံမှ သိရသည်။

ဓာတ်ပုံ – Narapati Local Guerrilla Revolution Force (NLGRF)