
ဧရာဝတီတိုင်းမ်
(မတူပီ)၊ စက်တင်ဘာလ ၂၄ ရက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ထံသို့ စစ်ကောင်စီတပ်သားမိုးအောင် (ကိုယ်ပိုင်အမှတ်-တ/၅၁၇၁၅၅၀)နှင့် တိုးနိုင်ဝေ(ကိုယ်ပိုင်အမှတ်-တ/၁၂၇၈၈၄)တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အလင်းဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်သား နှစ် ဦးသည် မတူပီမြို့၊ အခြေစိုက်စစ်ဗျူဟာကုန်းမှ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လက်ပစ်ဗုံး ၂ လုံးနှင့် MA ကျည်ဆံအထောင့် ၁၂၂ လုံးတို့နှင့်အတူ အလင်းဝင်ရောက်လာခြငးဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ က ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ထံသို့ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ် ဦးကို ဘေးကင်းလုံခြုံစွာဖြင့် လွတ်မြောက်နယ်သို့ ပို့ဆောင်ပေးပြီ ဖြစ်ကြောင်းသိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)တပ်ရင်း-၂ ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် နှစ် ဦးလက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်လာခဲ့သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ထံသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၆ ဦးအထိ အလင်းဝင် ရောက်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။
Photo-အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား နှစ် ဦး
#ချင်းပြည်နယ် #မတူပီမြို့ #ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) #စစ်ကောင်စီတပ်သားနှစ်ဦး #လက်ပစ်ဗုံး #ကျည်ဆံများ #အလင်းဝင်ရောက်လာ #Ayeyarwaddy_Times