ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်

တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းတွေဟာ အာရှ-ပစိဖိတ်ဒေသတစ်လျောက် ပျံ့နှံ့လာပြီး ဖိလစ်ပိုင်၊ သြစ တြေးလျနဲ့ စင်ကာပူလို နိုင်ငံမျိုးတွေမှာ မှောင်ခိုလုပ်ဖို့ အခြေစိုက်နေရာတွေ ထူထောင်နေကြတယ်လို့ သိရပါ တယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း သြစတြေးလျရဲတပ်ဖွဲ့က ဆစ်ဒနီမြို့တော်မှာ စီးနင်းမှုတွေပြုလုပ်ကာ တရုတ်နိုင်ငံသား ၉ ဉီးကို ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါဂိုဏ်းဟာ ရာဇဝတ်ဂိုဏ်းတွေအတွက် ဘဏ်လုပ်ငန်း ဆောင် ရွက်ပေးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တရားမဝင် လောင်းကစားမှု၊ အခြား ရာဇဝတ်မှုတွေကြောင့် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံမှာ ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံခဲ့ရတဲ့ မကာအို လောင်းကစားဘုရင် အဲလ်ဗင်ချူရဲ့ သြစတြေးလျအ ခြေစိုက် စီးပွားရေးမိတ်ဖက် စတီဗင်ဇင်လည်း ပါဝင်ပါတယ်။

ရာဇဝတ်ဂိုဏ်းကွန်ရက်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ဘီလီယံချီရှိတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့ (USIP) မြန်မာအစီအစဉ် ညွှန်ကြားရေးမှူး ဂျေဆင်တိုဝါက ပြောပါတယ်။

“တရုတ် ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာစစ်တပ်လက်အောက်က နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ ပြည်သူ့စစ် တွေနဲ့ မိတ်ဖက်ဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာ ပိုင်နက်နယ်မြေတွေ ထိန်းချုပ်ထားတဲ့အဆင့် ရောက်ရှိလာပါပြီ” လို့ သူက ဆိုပါတယ်။

တရုတ် ရာဇဝတ်ဂိုဏ်းတွေဟာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံပြင်ပမှာ လှုပ်ရှားနေပြီး လန်ဒန်၊ ဒူဘိုင်းနဲ့ စင်ကာပူ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဘဏ္ဍာရေးအချက်အချာမြို့တော်တွေကို ပစ်မှတ်ထားနေတယ်လို့ သူက ဆက်ပြောပါတယ်။

“တရုတ် ရာဇဝတ်ဂိုဏ်းတွေဟာ အရှေ့တောင်အာရှမှာ လှုပ်ရှားနေပြီး အခုဆိုရင် ကမ္ဘာတစ်ဝန်းအထိ တိုးချဲ့လာပါတယ်။ တရုတ် ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသတွင်းနိုင်ငံ ၅၀ ကျော်က လူမှောင်ခိုကူးမှုတွေမှာ ပါဝင်ခဲ့ ပါတယ်” လို့ သူက ဆိုပါတယ်။

စက်တင်ဘာလအစောပိုင်းမှာ မြန်မာနိုင်ငံရှိ ဝတပ် (UWSA) နဲ့ပူးပေါင်းကာ တရုတ်ရဲတပ်ဖွဲ့က ဒေါ်လာ ၂၂ ဒသမ ၅ သန်း လိမ်လည်ခဲ့တဲ့ ငွေလိမ်ဂိုဏ်း ၁၁ ခုကို စီးနင်းခဲ့ပါတယ်။

စီးနင်းမှုတွေအတွင်း တရုတ်နိုင်ငံသား ၁၈၆ ဉီး အပါအဝင် လူပေါင်း ၂၆၉ ဉီးကို ဖမ်းဆီးခဲ့ပြီး တရုတ်နိုင် ငံသားတွေကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

တရားခံပြေး ၄၁ ဉီး အပါအဝင် သံသယရှိသူ ၁၂၀၇ ဉီးကို မြန်မာက တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ကိုးကား – The Straits Times
Ref; Criminal groups from China spreading out to South-east Asia, including S’pore: Experts

#Ayeyarwaddy_Times