ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာ စက်တင်ဘာလ ၂၂ ရက်က အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့တော်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဉက္ကဌ မီဂျာနာစပူလ်ဂျာရစ်နဲ့ မြန်မာ့အရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးပန်းအဖြစ် အစည်းအဝေးတစ်ခုအတွင်း ရတ်နို မာဆူဒီနဲ့ စပူလ်ဂျာရစ်တို့က မြန်မာ့အရေး ဆွေးနွေးခဲ့တာပါ။

အာဆီယံအဖွဲ့က မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်လာခဲ့တဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသ ဘောတူညီချက် ၅ ရပ်ကို အဓိက အခြေခံပြီး အဖြေရှာမယ်လို့ မာဆူဒီက စပူလ်ဂျာရစ်ကို ပြောပါတယ်။

၂၀၂၃ ခုနှစ် အာဆီယံအဖွဲ့ရဲ့ ဉက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အ ကူအညီ ဖြန့်ဖြူးတာ အပါအဝင် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ဆောင် ရွက်ချက်အမျိုးမျိုး လုပ်ဆောင်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီခဲ့တဲ့ မြန်မာ့အရေး အာဆီယံအလှည့်ကျ ဉက္ကဌ ၃ နိုင်ငံ ပူးတွဲဖြေရှင်းမယ့် troika mechanism မှတစ်ဆင့် အာဆီယံဉက္ကဌသက်တမ်း ကုန်ဆုံးလျင်ပင် မြန် မာပြည်သူတွေကို စဉ်ဆက်မပြတ် ကူညီမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ကတိကဝတ်ကို သူက ထပ်လောင်းအတည်ပြုပါ တယ်။

လာမယ့်နှစ် အာဆီယံအလှည့်ကျဉက္ကဌ ဖြစ်လာမယ့် လာအိုနိုင်ငံက Troika mechanism အကောင်အ ထည်ဖော်ဆောင်မှု စတင်မှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက ကူညီမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ICRC ဉက္ကဌဖြစ်လာခဲ့တဲ့ ဆွစ်ဇာလန် သံတမန်တစ်ဉီးဖြစ်သူ စပူလ် ဂျာရစ်ဟာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုကို ဉီးဆောင်တဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။

ကိုးကား – Antara News
Ref; Minister Marsudi discusses Myanmar issue with ICRC president

#Ayeyarwaddy_Times