ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်

ရုရှား၊ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တင်းမာမှုတွေ မြင့်တက်နေစဉ် တရုတ်နိုင်ငံက မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးမြှင့်ရေး တောင်ကိုရီးယားနဲ့ လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ သမ္မတ ရှီကျင့်ဖျင်က တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒတ်ခ်ဆိုကို ပြောပါတယ်။

ရှီကျင့်ဖျင်ဟာ အာရှအားကစားပြိုင်ပွဲ ဖွင့်လှစ်ပွဲမတိုင်မီ တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့တော်မှာ ဟန် ဒတ်ခ်ဆိုနဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။

၄ နှစ်အတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးမှုအဖြစ် စက်တင်ဘာလ ၂၆ ရက်မှာ ဆိုးလ်မြို့တော်၌ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားကြား ၃ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ မပြုလုပ်မီ တောင်ကိုရီးယားနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ရှီကျင့်ဖျင်က ကတိပြုခဲ့တာပါ။

သင့်တော်တဲ့အချိန်မှာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်တာကို ကြိုဆိုပြီး တောင်ကိုရီးယားသို့ လာရောက်လည် ပတ်ဖို့ အလေးအနက်ထား စဉ်းစားမယ်လို့ ရှီကျင့်ဖျင်က ဟန်ဒတ်ခ်ဆိုကို ပြောပါတယ်။

တရုတ်က တောင်ကိုရီးယားရဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ဆန္ဒကို အလေးထားပြီး နှစ်နိုင်ငံကြား အပြန်အ လှန် အကျိုးဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်တယ်လို့ ရှီကျင့်ဖျင်က ဆိုပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားကို အမျက်ထွက်စေခဲ့တဲ့ ဒီလအစောပိုင်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သီတင်းတစ်ပတ်ကြာ ရုရှားခရီးစဉ်အပြီး အရှေ့အာရှ ၂ နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားကြား တင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ရုရှား အပါအဝင် ၃ နိုင်ငံနဲ့ လက်နက်ကုန်သွယ်မှုနဲ့ပတ် သက်လို့ တောင်ကိုရီးယားက လူပုဂ္ဂိုလ် ၁၀ ဉီးနဲ့ ကုမ္ပဏီ ၂ ခုကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Reuters
Ref; China willing to work with South Korea ahead of summit with Japan: Xi

#Ayeyarwaddy_Times