
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
စစ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှု အကူအညီ အပါအဝင် ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမယ့် အ စီအမံတွေကို ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါက ကြေညာခဲ့ပြီး ယူကရိန်းကျူးကျော်စစ်အတွက် ရုရှားနိုင်ငံ ကို အရေးယူဖို့ ကတိပြုလိုက်ပါတယ်။
“တရားမဝင် ကျူးကျော်မှုအတွက် တာဝန်ရှိသူတွေကို ကျွန်တော်တို့ ဒဏ်ခတ်အရေးယူမှာဖြစ်ပါတယ်” လို့ ကနေဒါနိုင်ငံရဲ့မြို့တော် အော့တဝါမြို့မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်း ပွဲတစ်ခုအတွင်း သူက ပြောပါတယ်။
ရုရှားဗဟိုဘဏ် အပါအဝင် ရုရှားနိုင်ငံပိုင်ပစ္စည်းတွေကို သိမ်းဆည်း၊ ထိန်းချုပ်တာကို လေ့လာဖို့ G7 မိတ် ဖက်နိုင်ငံတွေနဲ့အတူ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ ထူထောင်ဖို့ ကနေဒါနဲ့ယူကရိန်းက သဘောတူခဲ့တယ်လို့ ဂျပ် စတင်ထရူဒေါက ပြောပါတယ်။
ယူကရိန်းကလေးငယ်တွေကို ပြန်ပေးဆွဲမှု၊ သတင်းမှားတွေ ပျံ့နှံ့မှုမှာ တာဝန်ရှိသူတွေ အပါအဝင် ရုရှား နိုင်ငံသား ၆၃ ဉီးနဲ့ ကုမ္ပဏီတွေကို ကနေဒါက ဒဏ်ခတ်အရေးယူခဲ့တယ်လို့ သူက ဆိုပါတယ်။
ကနေဒါက ယူကရိန်းသို့ ပေးအပ်မယ့် အကူအညီတွေထဲမှာ လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၆၅၀ တန်ကြေးရှိ စစ်ရေးအကူအညီသစ်လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
ကနေဒါက ယူကရိန်းသို့ သံချပ်ကာယာဉ် အစင်း ၅၀၊ F-16 ဂျက်တိုက်လေယာဉ်တွေအတွက် ပိုင်းလော့နဲ့ ပြုပြင်ထိန်းသိမ်းသူတွေ၊ Leopard 2 တိုက်ပွဲဝင်တင့်ကားတွေ ပြုပြင်ထိန်းသိမ်းရေး၊ စွမ်းဆောင်ရည်မြင့် ကင်မရာ တွေ တပ်ဆင်ထားတဲ့ ဒရုန်း ၃၅ စင်း၊ အပေါ့စားယာဉ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့မှာဖြစ်ပါတယ်။
ကနေဒါအစိုးရက လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်တာကြောင့် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ ယူကရိန်းသို့ ငွေကြေးပံ့ပိုးမှုတွေ ဆက်လက်ပြုလုပ်မယ်လို့ ဂျပ်စတင်ထရူဒေါက ကတိပြုပါတယ်။
ကိုးကား – AP
Ref; Trudeau pledges Canada’s support for Ukraine and punishment for Russia