
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
ရန်ကုန်တွင် ဒီကနေ့ စက်တင်ဘာလ ၂၃ ရက် ည ၈ နာရီ ၅၈ မိနစ််ဝန်းကျင်တွင် ငလျင်လှုပ်ခတ်သွားကြောင်း ရန်ကုန်မြို့ ခံများထံကသိရသည်။
“ရန်ကုန်ငလျှင်လှုပ်သွားတယ်၊ တစ်လမ်းလုံးအပြင်ရောက်နေတယ်၊တော်တော်ကြမ်းတယ်၊ အ်ိမ်အပြင်အတင်းဆင်းပြေးရတယ်။ အိမ်တောင်ခါထွက်သွားတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေထိုင်သူ တစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
အဆိုပါ ငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်ကွာဝေးသည့် ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ ငလျင်လှုပ်ခတ်သွားသည်ဟု မိုးဇလ မှထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ဧရာဝတီတ်ိုင်းမ်
#Ayeyarwaddy_Times