ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်

စက်တင်ဘာလ ၂၂ ရက်က ယူကရိန်းရဲ့ ခရုဇ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် အသိမ်းပိုက်ခံ ခရိုင်းမီး ယားဒေသရှိ ရုရှားရေတပ်အခြေစိုက်စခန်းဌာနချုပ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းတပ်ဖွဲ့က စက်တင်ဘာလ ၂၂ ရက် အစောပိုင်းမှာ ခရိုင်းမီးယားဒေသရှိ ဆီဗာစတိုပူလ်မြို့တော် ကို ဒုံးကျည်တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ ရုရှားက ခန့်အပ်ထားတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး မီခေးလ် ရာဗိုဇာယက်ဗ်က ပြောပါတယ်။

သူက တိုက်ခိုက်မှုဖြစ်စဉ်ကို အသေးစိတ်မပြောပေမယ့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ် ဆယ်ရေးဌာနမှ ကယ်ဆယ်ရေးသမားတွေ စေလွှတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ မသိရသေးလို့ ဆိုပါ တယ်။

ယူကရိန်းဟာ ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ Shtrom Shadow ခရုဇ်ဒုံးကျည်တွေ အသုံးပြုပြီး ရု ရှားရေတပ်ရဲ့ ပင်လယ်နက်ရေယာဉ်စုဌာနချုပ်ကို တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာလို့ ရုရှားမီဒီယာအချို့က ဖော်ပြပါ တယ်။

တိုက်ခိုက်မှုကြောင့် လူ ၆ ဉီး ဒဏ်ရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံတွေသို့ ပို့ဆောင်ခဲ့တယ်လို့ သ တင်းတွေက ဖော်ပြပါတယ်။

ယူကရိန်းရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဉီး သေဆုံးခဲ့ပြီး ရေတပ်ဌာနချုပ် အဆောက်အ အုံ ဆိုးရွားစွာ ပျက်စီးသွားခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားဒေသကို တရားမဝင် ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နိုင်ငံတကာက ယူကရိန်းပိုင်နက်တစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်။

ကိုးကား – Defence Blog
Ref; Ukrainian missiles strike Russia’s major naval base in Crimea

#Ayeyarwaddy_Times