
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
ပိုလန်နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်တွေ မထောက်ပံ့တော့ဘူးလို့ ပိုလန်ဝန်ကြီးချုပ် မာတီးယက်ဇ်မို ရာဝစ်စကီးက ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းတစ်ခုပြောကြားစဉ် ယူက ရိန်း ကောက်ပဲသီးနှံ တင်သွင်းမှုအပေါ် ပိတ်ပင်မှုသက်တမ်းတိုးတဲ့ ပိုလန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါ တယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ မှတ်ချက်စကားတွေက အလွန်ပင် မျှတမှုမရှိဘူးလို့ ပိုလန်ဝန်ကြီးချုပ် မာ တီးယက်ဇ်မိုရာဝစ်စကီးက ပြောပါတယ်။
ပိုလန်နိုင်ငံဟာ ယခုအခါမှာ ခေတ်အမီဆုံး စစ်လက်နက်တွေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ရမှာဖြစ်တာ ကြောင့် ယူကရိန်းသို့ စစ်လက်နက်တွေ မထောက်ပံ့တော့ဘူးလို့ သူက ဆိုပါတယ်။
ပိုလန်ဟာ ယူကရိန်းကို တက်တက်ကြွကြွ အားပေးထောက်ခံခဲ့ပြီး အခြားဉရောပတိုင်းပြည်တွေထက် စောပြီး ဂျာမနီထုတ် Leopard-2 တင့်ကားတွေ ထောက်ပံ့ပေးမယ့်ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။
ဉရောပသမဂ္ဂရဲ့မူဝါဒကို ဖီဆန်ပြီး ပိုလန်၊ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေဟာ ပြည်တွင်း လယ် ယာစိုက်ပျိုးရေးကို ကာကွယ်ပေးဖို့ ယူကရိန်း လယ်ယာထုတ်ကုန်တွေ တင်သွင်းမှုကို ပိတ်ပင်ဖို့ ပြီးခဲ့တဲ့သီတင်း ပတ်အတွင်း ဆုံးဖြတ်ခဲ့ပါတယ်။
ယူကရိန်းနဲ့ ကုန်သွယ်ရေး အငြင်းပွားမှုမှာ ပိုလန်အစိုးရရဲ့ တင်းမာတဲ့ရပ်တည်ချက်ဟာ အောက်တိုဘာ လမှာပြုလုပ်မယ့် လွှတ်တော်ရွေးကောက်ပွဲအတွက် အာဏာရပါတီရဲ့ မဲဆွယ်စည်းရုံးမှု မဟာဗျူဟာဖြစ်မယ်လို့ ယူဆရပါတယ်။
ပိုလန်လယ်သမားတွေဟာ လက်ရှိအာဏာရပါတီကို အဓိက ထောက်ခံအားပေးသူတွေဖြစ်တယ်လို့ သိရ ပါတယ်။
ကိုးကား – NHK
Ref; Poland no longer supplying weapons to Ukraine, PM Morawiecki says