ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းရှိ အကြမ်းဖက်မှုဘေးသင့်ပြည်သူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအ တွက် အမေရိကန်နိုင်ငံက ထပ်တိုး လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မယ်လို့ နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ယခုငွေကြေးထောက်ပံ့မှုနဲ့အတူ လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ ထွက်ပြေးလာခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း အကြမ်းဖက်မှုဘေးသင့် ပြည်သူတွေအ တွက် အမေရိကန်နိုင်ငံရဲ့ စုစုပေါင်း ထောက်ပံ့မှုဟာ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော် ရှိလာပြီလို့ အန်တိုနီဘ လင်ကန်က ဆိုပါတယ်။

ယခုထောက်ပံ့မှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမဆန်သောရာဇဝတ်မှု၊ လူမျိုးသန့်စင်မှုအတွင်း အ သက်ရှင်ခဲ့သူအများစုဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒေသခံအသိုင်းအဝိုင်းဝင် ၅၄၀၀၀၀ ကျော်အတွက် ပံ့ပိုးကူညီတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အကူအညီထဲမှာ ဘေးကင်းသောသောက်သုံးရေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ စိတ်ပိုင်း ဆိုင်ရာ အားပေးမှုတို့လည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေရဲ့ ရက်ရောမှုကို အသိအမှတ်ပြုပြီး ဘင်္ဂလားဒေ့ရှ် မှာ လူသားချင်းစာနာမှု တုံ့ပြန်ရေးအတွက် ကူညီထည့်ဝင်ဖို့ အလှူရှင်တွေကို တိုက်တွန်းကာ မြန်မာနိုင်ငံမှ အ ကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသူတွေကို ပံ့ပိုးကူညီဖို့ တိုးမြှင့်ဖို့နဲ့ ဒုက္ခသည်အကျပ်အတည်းအတွက် တာရှည် ခံသော အဖြေတွေရှာဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုးကား – CNA
Ref; US to provide US$116 million in humanitarian aid for Myanmar, Bangladesh

#Ayeyarwaddy_Times