
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
မြန်မာရေတပ်ထံ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖိုးခန့်တန်ကြေးရှိ Sonar System တွေ ရောင်းချခဲ့ တဲ့ စင်ကာပူနိုင်ငံသား ၂ ဦးကို စုစုပေါင်း ဒဏ်ကြေး စင်ကာပူဒေါ်လာ ၈၀၀၀၀ ပေးဆောင်ဖို့ တရားရုံးက အမိန့် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အေဂတ်ကန်ဂျာနာဆိုသူနဲ့ ဝေအွန်ချွန်တို့က မြန်မာနိုင်ငံသို့ တားမြစ်ထားတဲ့ လက်နက်တွေအပါအဝင် စင်ကာပူရဲ့ မဟာဗျုဟာမြောက် ကုန်ပစ္စည်းများအက်ဥပဒေကို ချိုးဖေါက်ခဲ့တယ်လို့ တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။
ဝေအွန်ချွန်က ဒဏ်ကြေး စင်ကာပူဒေါ်လာ ၄၅၀၀၀ ၊ အေဂတ်ကန်ဂျာနာက ဒဏ်ကြေး စင်ကာပူဒေါ်လာ ၃၅၀၀၀ ပေးဆောင်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် အေဂတ်ကန်ဂျာနာက Hydronav Services ရဲ့ အရောင်းမန်နေဂျာဖြစ်ပြီး အ သက် ၇၀ နှစ်အရွယ် ဝေအွန်ချွန်က ဒါရိုက်တာဖြစ်တယ်လို့ သိရပါတယ်။
Hydronav Services ရဲ့ မဟာဗျုဟာမြောက် ကုန်ပစ္စည်းများအက်ဥပဒေအရ စွဲချက်နှစ်ခုနဲ့ တရားစွဲခဲ့ပြီး စင်ကာပူဒေါ်လာ ၁ ဒသမ ၁ သန်းကျော် ဒဏ်ရိုက်ခဲ့ပါတယ်။
အဆိုပါပုဂ္ဂိုလ်နှစ်ဉီးဟာ မြန်မာရေတပ်အတွက် ပင်လယ်ကြမ်းပြင်ပုံထုတ်တဲ့ Sonar System ပစ္စည်းကိ ရိယာတွေကို မြန်မာကုမ္ပဏီတစ်ခုဖြစ်တဲ့ Light of Universe မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းဖိုး ရောင်းချခဲ့တာပါ။
Sonar System ကို စစ်ဘက်နဲ့ အရပ်ဘက်အသုံးပြုဖို့ အမျိုးအစားခွဲခြားထားပေမယ့် စစ်ရေး ရည်ရွယ် ချက်နဲ့ အသုံးပြုခဲ့တဲ့ အထောက်အထား မတွေ့ရဘူးလို့ တရားရုံးက ဆိုပါတယ်။
Sonar System ကိရိယာတွေကို အင်ဒိုနီးရှားနိုင်ငံရှိ ကုမ္ပဏီတခုသို့ ရောင်းချဖို့ အဆိုပါပုဂ္ဂိုလ်နှစ်ဉီးက နော်ဝေနိုင်ငံ Kongsberg ရေကြောင်းကုမ္ပဏီကို လိမ်ညာခဲ့တယ်လို့ စင်ကာပူအစိုးရရှေ့နေက ပြောပါတယ်။
မြန်မာရေတပ်သို့ Sonar System ကိရိယာတွေ ရောင်းချတယ်ဆိုတဲ့ တိုင်တန်းချက်တွေ စင်ကာပူအ ကောက်ခွန်ဌာနက လက်ခံရရှိခဲ့ပြီးနောက် တာဝန်ရှိသူတွေက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ Hydronav Services ကို ဝင်ရောက်စီးနင်းခဲ့ရာ မှတ်တမ်းတွေ၊ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; $80k fine for pair linked to illegal sale of sonar that ended up with Myanmar Navy