ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ စက်တင်ဘာလ ၂၁ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်အဆင့်ရှိသူများနေထိုင် သည့် လိုင်းခန်းအိမ်ရာဝင်းအတွင်းသို့ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့က ၄၀-မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force -DGRF ထံက သိရသည်။

စက်တင်ဘာလ ၂၀ ရက် ဒီကနေ့ မနက် ၅ နာရီခန့်အချိန်က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် ကုတင် (၁၀၀) ဆန့် စစ်တပ်ဆေးရုံအနီးက အရာရှိ စစ်ဗိုလ်များ သီးသန့်နေသည့် အိမ်ရာအား PDF ပူးပေါင်းတပ်မှ ၄၀ မမဖြင့် ၁၀ ချက်ခန့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“စစ်ကောင်စီ တပ်က အရာ ရှိ စစ်ဗိုလ် ကြီးတွေ သီးသန့်နေတဲ့ အိမ်ရာကို ၄၀ မမ နဲ့ ပစ်ခတ်ခဲ့တယ်။စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုတွေများပြားတယ်။ ပြီးတော့ အခုလ ထဲမှာ နယ်ကပြောင်းလာတဲ့ တပ်ရင်းမှူး တစ်ယောက်လည်း ပျောက်ဆုံးနေတယ်”လို့ DGRF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ အများအပြား ရှိကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်မြို့ အိမ်ရှေ့ပြင်ဂိတ်တွင် လုံခြုံရေး ယူထားသည့် စစ်ကောင်စီတပ်သားများက ခရီးသွား ပြည်သူများကို သေနတ်ပစ် ဖောက်၍ စစ်ဆေးမှုများ တင်းကျပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကို Dawei Guerrilla Revolutionary Force -DGRF နှင့် ဥသြစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-DGRF

#ထားဝယ်မြို့ #စစ်ကောင်စီတပ် #အရာရှိအဆင့်ရှိသူများအိမ်ရာ #PDF၄၀မမ #ပစ်ခတ်တိုက်ခိုက် #စစ်ကောင်စီတပ်သား၃ဦးသေ #Ayeyarwaddy_Times