ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုက တစ် ကမ္ဘာလုံးမှာ သိသိသာသာ အကျိူးဆက်တွေရှိတယ်လို့ ပိုလန်သမ္မတ အန်ဒရေဒူဒါက ပြောကြားလိုက်ပါတယ်။

အနာဂတ်မှာ ငြိမ်းချမ်းရေးအာမခံချက်ရှိတယ်လို့ သူက ဆိုပါတယ်။ ပိုလန်နဲ့ ယူကရိန်းဟာ ကီလိုမီတာ များစွာ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

“ရုရှားနိုင်ငံကို အနိုင်ရရှိမှသာ ရပ်တန့်နိုင်မှာဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အကူအညီ တွေကြောင့် ယူကရိန်းက သိမ်းပိုက်ခံနယ်မြေတွေကနေ ရုရှားစစ်တပ်ကို မောင်းထုတ်ချိန်မှာ ရုရှားကို အနိုင်ရရှိမှာ ဖြစ်ပါတယ်။ ယူကရိန်းက နိုင်ငံတကာ အသိအမှတ်ပြု နယ်စပ်တွေကို ထိန်းချုပ်နိုင်မှသာ ရုရှားကျူးကျော်ဝါဒကို အမှန်တစ်ကယ် အနိုင်ရရှိပြီလို့ ကျွန်တော်တို့ ပြောနိုင်မှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ပိုလန်ဟာ ရုရှားကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး ယူကရိန်းဒုက္ခ သည် တစ်သန်းကျော်ကို လက်ခံထားရှိကာ ကိယက်ဗ်သို့ စစ်ရေးအကူအညီတွေ ပိုမို ပေးပို့ဖို့ နေတိုးအဖွဲ့ မိတ်ဖက် နိုင်ငံတွေကို တိုက်တွန်းရာမှာ ဉီးဆောင်နေပါတယ်။

နွေဉီးရာသီမှာ ပိုလန်ဟာ ယူကရိန်းသို့ ဂျက်တိုက်လေယာဉ်တွေ ပေးပို့တဲ့ ပထမဆုံးသော နေတိုးအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံကလည်း ပြီးခဲ့တဲ့လအတွင်း ယူကရိန်းသို့ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ် တွေ ပေးပို့ဖို့ သဘောတူခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ သမ္မတ ဇီလန်စကီးရဲ့ အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ချစားမှုတွေ ရှိနေတာနဲ့ပတ် သက်လို့ မေးမြန်းရာမှာ အဂတိလိုက်စားမှုဟာ ယူကရိန်းမှာ ယခင်ကတည်းကရှိခဲ့တဲ့ ပြဿနာတစ်ခုလို့ ဒူဒါက ဝန်ခံခဲ့ပါတယ်။

ဇီလန်စကီး သမ္မတဖြစ်လာပြီးနောက် အဂတိလိုက်စားမှုကို စတင်တိုက်ဖျက်ကာ အဆိုပါပြဿနာက အ နောက်နိုင်ငံတွေရဲ့ ယူကရိန်းသို့ စစ်ရေးအကူအညီ ပေးအပ်မှုကို မထိခိုက်စေသင့်ဘူးလို့ သူက ထောက်ပြပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ ဒေါ်လာ ဘီလီယံချီတန်ကြေးရှိ စစ်ရေးအကူအညီတွေ ပေးအပ်ခဲ့ကာ လာမယ့်သီတင်းပတ်တွေအတွင်း ယူကရိန်းသို့ 31 M1 Abrams တင့်ကားတွေ ပေးပို့တော့မှာဖြစ်ပါတယ်။

ကိုးကား – CNN
Ref; Polish President Duda: Defeating Russia in Ukraine war is the only ‘guarantee of peace’

#Ayeyarwaddy_Times