ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်

အာဆီယံနိုင်ငံတွေမှ စစ်တပ်တွေဟာ မနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးသော ပူးတွဲ စစ်ရေးလေ့ ကျင့်မှု စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဉီးက လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေဟာ ယခင်က နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ဖူးပေမယ့် မြန်မာ့အရေးနဲ့ တောင် တရုတ်ပင်လယ် အငြင်းပွားမှုတွေ ဖြစ်ပွားနေချိန်မှာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဖြစ်ပါ တယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေတဲ့ အာဆီယံနိုင်ငံတွေမှ စစ်တပ်တွေဟာ တိုက်ခိုက်ရေးမဟုတ်တဲ့ လူ သားချင်းစာနာမှု အကူအညီပေးရေး၊ ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ ပူးတွဲရေကြောင်းကင်းလှည့်မှုတွေကို လေ့ ကျင့်ကြတယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။

“အတူတကွ စည်းလုံးညီညွတ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ပြည်သူတွေအတွက် ဒေသတွင်း တည်ငြိမ် မှု ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်” လို့ အင်ဒိုနီးရှားစစ်တပ် အကြီးအကဲ မာဂိုနိုယူဒိုက ဘာတန်ကျွန်းပေါ်မှာ သတင်း ထောက်တွေကို ပြောပါတယ်။

“ASEAN Solidarity Exercise” လို့ အမည်ပေးထားတဲ့ ၅ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြန်မာ အ ပါအဝင် အာဆီယံနိုင်ငံများမှ တပ်ဖွဲ့တွေ ပါဝင်နေတယ်လို့ သူက ဆိုပေမယ့် မြန်မာနိုင်ငံ ကိုယ်စားပြု တပ်ဖွဲ့ဝင် အရေအတွက်ကိုတော့ အသေးစိတ်မပြောပါဘူး။

မြန်မာနိုင်ငံက စစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအဖြစ် တက်ရောက်နေတယ်လို့ အမည်မဖော်လိုတဲ့ အင် ဒိုနီးရှား စစ်ဘက်အရာရှိတစ်ဉီးက ပြောပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ စစ်ရေးလေ့ကျင့်မှုက ရည် ရွယ်တယ်ဆိုတဲ့ သတင်းတွေကို အင်ဒိုနီးရှားနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အထူးသီးသန့် စီးပွားရေးဇုန်အတွင်းရှိ မြောက်နာတူနာပင်လယ်အတွင်း စစ်ရေးလေ့ ကျင့်မှုကိုပြုလုပ်ဖို့ မူလက စီစဉ်ခဲ့တာပါ။

တရုတ်နိုင်ငံက အဆိုပါဧရိယာသို့ စစ်သင်္ဘောတွေ ရံဖန်ရံခါ စေလွှတ်တာကြောင့် ဇွန်လအတွင်း အာဆီ ယံ စစ်တပ်အကြီးအကဲတွေေ တွေ့ဆုံဆွေးနွေးကာ အငြင်းပွားရေပိုင်နက်အတွင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်တာကို ရှောင်ကြဉ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုးကား – AFP
Ref; Indonesia hosts first-ever Asean military drills

#Ayeyarwaddy_Times