
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် တစ်ပတ်အတွင်း မိုးသည်းထန်စွာရွာပြီးလေပြင်းတိုက်လို့ လူနေအိမ် ၃ လုံးပြိုကျပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှသိရှိရသည်။
မိုးရွာသွန်းမှုများသဖြင့် မြစ်ရေမြင့်တက်လာမှုများရှိသလို လေပြင်းကြောင့် နေအိမ်အချို့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
“မိုးဆက်တိုက်ရွာပြီး မြစ်ရေကလည်းတိုးပြီး လေပြင်းတိုက်လို့ အိမ်ကပြိုကျတာမျိုးပါ၊ လူနဲ့တိရိစ္ဆာန်ထိခိုက်သေဆုံးတာမျိုးတော့မရှိပါဘူး”ဟု
ဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနက၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သင်္ကန်းပင်ဆိပ်ကျေးရွာ၊ ဒိုက်ကြီးကုန်း ကျေးရွာနှင့်
ရေလဲကြီး ကျေးရွာတို့တွင်နေအိမ်တစ်လုံးစီ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။
အဆိုပါနေအိမ်များတွင် စုစုပေါင်းနေထိုင်သူ ၁၆ ဦးရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ယာယီနေထိုင်ရန်စီစဥ်ပေးထားရကြောင်းသိရှိရသည်။
စက်တင်ဘာလအတွင်းမုတ်သုံလေအားကောင်းနေသဖြင့် နိုင်ငံတဝန်း မိုးရွာသွန်းမှု အားကောင်းနေကာ ဧရာဝတီတိုင်းတွင် မိုးသည်းထန်စွာရွာပြီး ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေမြင့်တက်မှုကြောင့်ဒေသခံများ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်ထားသည်။
#သာပေါင်းမြို့ #လေပြင်းတိုက် #အိမ်ပြို #စစ်ကောင်စီတပ် #Ayeyarwaddy_Times