ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်

မြန်မာနိုင်ငံရဲ့ ဖြုတ်ချခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မလေးရှား လွှတ် တော်အမတ် ၁၃၅ ဦးက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ယိုယွင်းဆိုးရွားနေပြီး အစာစားဖို့ အခက်အခဲ ဖြစ်ကာ ပြင်ပဆရာဝန်နဲ့ ပြသခွင့် ငြင်းဆန်ခံထားရတယ်လို့ သားဖြစ်သူ ကင်အဲရစ်က ပြောကြားပြီးနောက် မ လေးရှား လွှတ်တော်အမတ်တွေက အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မလေးရှားအစိုးရနဲ့ လွှတ်တော်၂ ရပ်မှ အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စက်တင် ဘာလ ၁၉ ရက်မှာ ပူးတွဲ ထုတ်ပြန်ချက်တစ်ခုအတွင်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“မေမေ့ကို သူ့ရဲ့ဆရာဝန်တွေ၊ ဧည့်သည်တွေနဲ့ တွေ့ဆုံခွင့်မပြုပါဘူး။ မေမေ့ကို အခြားအကျဉ်းသားတွေ နဲ့တောင် အတူမထားတာကြောင့် တိုက်ပိတ်ခံထားရတဲ့ပုံစံ ဖြစ်ပါတယ်” လို့ လန်ဒန်မြို့ရှိ နေအိမ်ကနေ AP သ တင်းဌာနနဲ့ပြုလုပ်တဲ့ ရုပ်သံအင်တာဗျူးတစ်ခုအတွင်း ကင်အဲရစ်က ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ မကြာခဏ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလေ့ရှိသူ မလေးရှားဝန်ကြီး ချုပ် အန်ဝါအီဘရာဟင်က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အာဆီယံ အဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

အာဆီယံအဖွဲ့က မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ပြီး လက်ကိုင်ပြု မယ်လို့ ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက် အရေးယူမှုတွေပြုလုပ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေ ကလည်း မကြာသေးမီက အမေရိကန်အစိုးရကို တောင်းဆိုခဲ့ပါသေးတယ်။

ကိုးကား – Malaysiakini
Ref; Over 130 MPs demand release of Myanmar’s Suu Kyi

#Ayeyarwaddy_Times