ဧရာဝတီတိုင်းမ်
စစ်တွေ၊ စက်တင်ဘာလ ၂၀ ရက်

မြန်မာနိုင်ငံအတွင်းရှိ ခရိုင်မြို့တွေအပါအ၀င် လူဦး ရေများပြီး စီးပွားရေးအချ က်အချာကျတဲ့ မြို့နယ်ပေါင်း ၁၁၀ ထဲ မှ ၉၃ မြို့နယ်နဲ့အထက်မှာ စိတ်ကြွရူး သွပ်ဆေးပြား(WY)အပါအဝင် မူးယစ်ဆေးဝါးတွေကို အလွယ်တကူဝယ်ယူနိုင်တာတွေ့ရတယ်လို့ ISP Myanmar က ကောက်ယူထုတ်ပြန်တဲ့ စစ်တမ်းအချက်အလက်မှာ ဖော်ပြပါတယ်။

မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျုးလို့ခေါ်တဲ့ ISP Myanmar ဟာ နိုင်ငံအနှံ့မြို့နယ်စုစု ပေါင်း ၃၃၀ အထဲက သုံးပုံတစ်ပုံဖြစ်တဲ့ မြို့နယ် ၁၁၀ မှာ ဒေသဆိုင်ရာအချက် အလက်တွေကို ဒီနှစ်မေလကတည်းက စတင်စောင့်ကြည့်ရယူနေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အကြောင်းအရာကို ထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒီမြိုု့နယ် ၁၁၀ အထဲက ၉၄ မြို့နယ်(၈၅ရာ ခိုင် နှုန်း)မှာဆေးခြောက်ကို အများဆုံး သုံးစွဲနေကြပြီး အသီး၊ယာဘ လို့ခေါ်ကြတဲ့ WY နဲ့ ခေါင်းခါဆေးလို့ လူသိများတဲ့ E ဆေးပြားတွေကို ဒုတိယအများဆုံးသုံးစွဲနေကြတယ်လို့ ဆိုပါတယ်။

ကော်ရှုတာနဲ့ဘိန်းဖြူသုံးတာကတော့ တတိယအ များဆုံးဖြစ်ပြီး ကိုးကင်း၊ရေခဲလို့ ခေါ်ကြတဲ့ Ice (မက်သာဖက်တမင်း)၊ကတ်တမင်း၊ White သုံးစွဲမှုတို့ကိုလည်း တွင်တွင်ကျယ်ကျယ်တွေ့ရတယ်လို့ ISP Myanmar ရဲ့ “မူးယစ် ဆေးက နေရာအနှံ့လက်တကမ်းမှာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့စာမှာ ဖော် ပြပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ မြို့နယ် ၁၁၀ အထဲမှာ ခရိုင်မြို့နယ် ၇၅ ခု ပါဝင်ပြီး ကျန် ၃၅ မြို့နယ်ကတော့ လူဦးရေအ များဆုံးရှိတဲ့မြို့နယ်နဲ့ စီးပွားရေးအရ အချက်အချာကျတဲ့မြို့နယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမြို့နယ်တွေထဲမှ ရှမ်းပြည်၊ကျိုင်းတုံမြို့နယ်မှာဆိုရင် မူးယစ်ဆေးဝါးရနိုင်တဲ့နေရာ ၂၅၀ ဝန်းကျင်အထိ ရှိ ပြီး ရှမ်းပြည်၊မူဆယ်၊ရန်ကုန်တိုင်း၊အင်းစိန်နဲ့ ဒလမြို့နယ်တို့မှာတော့ မူးယစ်ဆေး ဝါးရနိုင်တဲ့နေရာ ၁၀၀ ဝန်း ကျင်ရှိနေတာတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

“လက်နက်ကိုင်ပဋိပက္ခ ကြီးမားကျယ် ပြန့်လာတာနဲ့အမျှ မူးယစ်ဆေးသယ် ဆောင်ရာလမ်းကြောင်းတွေကို ဖြတ် တောက်နိုင်စွမ်းကင်းမဲ့လာတာ၊စစ်စီးပွား ရေးနဲ့အတူမူးယစ်ဆေးဝါးစျေးကွက် ပိုကျယ်ပြန့်လာပြီး စျေးပေါလာတာ ဒါတွေကလည်း သတိပြုစရာပါပဲ။”လို့ ISP Myanmar ရဲ့ ထုတ်ပြန်စာထဲမှာ ရေးသားထားပါတယ်။

အဲဒီစစ်တပ်ကောက်ယူမှုထဲ မပါဝင်ခဲ့တဲ့မြို့နယ်တွေမှာလည်း မူးယစ်ဆေးဝါးတွေ အလွယ်တကူ ဝယ်ယူလို့ ရနိုင်တယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုမှ လူင ယ်တစ်ဦးက ပြောပါတယ်။

ရခိုင်က ခရိုင်မြို့တွေဖြစ်ကြတဲ့ စစ်တွေ၊မြောက်ဦး၊သံတွဲ၊မောင်တောစတဲ့မြို့နယ်တွေမှာဆိုရင် WY၊ Ice ၊ဆေး ခြောက်စတဲ့ မူးယစ်ဆေးဝါးတွေကို ကွမ်းယာ ၊ဆေးလိပ်တွေ ဝယ်သလို အလွယ်တကူဝယ်ယူရနိုင်ပြီး မူးယစ်ဆေး ဝါးရနိုင်တဲ့ နေရာဟာ အနည်းဆုံး ၁၀ ခုကနေ ၁၀၀ နီးပါးလောက်အထိ ရှိနိုင်တ ယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။

“ရခိုင်မှာ အပေါဆုံးက အသီး(WY)ပဲ။ စစ်တွေမြို့က ရပ်ကွက်တစ်ခုတည်းမှာတောင် အသီးရောင်းတဲ့နေရာ အခု ၂၀ လောက်ရှိတယ်။မြို့တစ်ခုလုံးနဲ့ နယ်တွေမှာရောဆိုရင် ဆေးရောင်းတဲ့နေရာ ၁၀၀ နီးပါးကတော့ ရှိမယ်ထင်တယ်။ ဆေးခြောက်ကတော့ အသီးလောက် မပေါဘူး။”လို့ WY ဆေးပြားတွေ ကိုယ် တိုင်ရောင်းချ၊သုံးစွဲခဲ့ဖူးသူ လူငယ်တစ်ဦးက ပြောပါတယ်။

အဲဒီအပြင် ခရိုင်မြို့တွေမဟုတ်ဘဲ ပေါက်တော၊မင်းပြား၊ဘူးသီးတောင်စတဲ့မြို့နယ်တွေမှာဆိုရင်လည်း မြို့ပေါ်ရပ်ကွက်တွေထဲ အလွယ်တကူ ဝယ်ယူရနိုင်တယ်လို့ အဲဒီမြို့နယ်တွေမှ ဒေသခံလူငယ်တွေက ပြောကြပါတယ်။

“ရဲကလစဉ်ကြေးကောက်ပြီးတော့ကို ရောင်းဖို့ ခွင့်ပြုထားတာ၊စိတ်ကြိုက်ရောင်းနေကြတာပဲ။”လို့ လူငယ်တစ်ဦးမှ ရခိုင်ကမူးယစ်ဆေးဝါးပြန့်နှံ့မှုအ ခြေအနေကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် WY အပါအဝင် မူးယစ်ဆေးဝါးတွေ စျေးနှုန်း သိသိသာသာ ကျဆင်းသွားခဲ့ပြီး ရခိုင်မှာဆိုရင် အာ ဏာမသိမ်းခင်က တစ်ပြားကို ၂၀၀၀ လောက်ပေးခဲ့ရတဲ့ WY စျေးဟာ လက်ရှိမှာ ကျပ် ၄၀၀၊ ၅၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ဆိုကြပါတယ်။

ရခိုင်ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးရောင်း ဝယ်ကုန်ကူးသူတွေရဲ့ အဓိကျရာလမ်းကြောင်းတစ်ခု ဖြစ်ပေမယ့် ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေကတော့ မရှိသလောက် နည်းပါးတယ်လို့ အဲဒီအကြောင်းလေ့လာနေသူတွေက ထော က်ပြကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ကမူးယစ်ဆေး ဝါးရောင်းဝယ်နေတာကို ငွေကြေးရယူပြီး ခွင့်ပြုထားသလို ရခိုင်ကအုပ်ချုပ်ရေး၊တရားစီရင်ရေးယန္တ ရားတွေကို လုပ်ကိုင်နေတဲ့ ရက္ခိုင့်တပ်တော် (AA) ကလည်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်း ဆီးတာမျိုး မတွေ့ရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးမူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ပမာဏဟာ ၂၀၁၉ ခုမှာ အမေရိကန်ဒေါ်လာ ၃၀၁ သန်းဖိုး၊ ၂၀၂၀ ပြည့်နှစ်မှာ ၈၃၉ သန်းဖိုး၊ ၂၀၂၁ ခုမှာ ၆၆၇ သန်းဖိုး၊ ၂၀၂၂ ခုမှာ ၆၄၂ သန်းဖိုးနဲ့ ယခု ၂၀၂၃ ခုမှာ ၄၄၆ သန်းဖိုးစီ ရှိခဲ့ ပြီး အာဏာမသိမ်းမီ ခုနှစ်တွေနဲ့ နှိုင်း ယှဉ်ရင် ဖမ်းဆီးမူးယစ်ဆေးဖျက်ဆီးတဲ့ပမာဏဟာတိုးမလာဘဲကျဆင်းလာ တာကိုသာ တွေ့ရပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံအတွင်း ဘိန်းစို က်ပျိုးမှုဟာလည်း စစ်တပ်အာဏာသိ မ်းပြီးနောက် ၃၃ ရာခိုင် နှုန်းအထိ တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ၂၀၂၃ ခုနှစ်ထုတ်၊အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

အဖတ်တမင်းလို့ ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြား (WY)နဲ့ ပုံဆောင်ခဲ(ICE)တို့ကို မြန်မာ၊လာအို သုံးနိုင်ငံအစပ်ဖြစ် သည့် ရွှေတြိဂံနယ်မြေမှာ ထုတ်လုပ်ကြပြီး အထူးသဖြင့် မြန်မာနိုင်ငံ၊ရှမ်းပြည်မှာ ထုတ်ကြတယ်လို့ (UNODC)ရဲ့ ထု တ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

အဲဒီလို မြန်မာနိုင်ငံရဲ့ အဖတ်တမင်း (WY နဲ့ ICE) ထုတ်လုပ်မှုဟာ မြောက်အမေရိကအတွင်း ဓါတုမူးယစ်ဆေးထုတ် လုပ်မှုအများဆုံးဖြစ်တဲ့ မက္ကဆီကိုနိုင်ငံရဲ့ ထုတ်လုပ်မှုပမာဏထက်တောင် ပိုများနေသေးတယ်လို့လည်းမူးယစ်ဆေး ဝါးတားဆီးနှိပ်နှင်းရေးအဖွဲ့တွေရဲ့ အချ က်အလက်တွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-မြောက်ဦးမြို့ရှိရှေးဟောင်းဘု ရားတစ်ဆူမှာမူးယစ်ဆေးဝါးသုံးပစ္စည်းတချို့ကိုတွေ့ရပုံ/BNA)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times