
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်
မွန်ပြည်နယ် ကျိုတ်ထိုမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းအနီးရှိ ကျိုက်ထီးရိုး လေးလမ်းခွဲ သစ်ကွင်းလမ်းဆုံဂိတ်အနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် KNU /KNLA/PDF (တောကျီးကန်း) စစ်ကြောင်း တပ်ခွဲ (၂) က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။
“ရန်ကုန် -မော်လမြိုင် ကားလမ်းတလျှောက်မှာ ဂိတ်တွေချပြီး ကင်းပုံးဝပ်နေတာပါ။ အဓိကကတော့ လမ်းကြောင်းတွေ ရှင်းနေတာ။ သူတို့ဘက်က ဆုံးရှုံးသွားတဲ့ လက်ခက်တောင်စခန်းကို ထိုးစစ်ဆင်ဖို့ ပြင်နေတာ။ သတင်းရလို့ သွားတိုက်တာ သူတို့ဘက်က ငါး ယောက်သေတယ်။ သူတို့ရဲ့ ထုံးစံအတိုင်း လက်နက်ကြီး တွေနဲ့ရမ်းသန်းပစ်ခက်တယ်” ဟု တောကျီးကန်းစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်
စစ်ကောင်စီတပ်က ထိုသို့ လက်နက်ကြီးဖြင့်ရမ်းသန်း ပစ်ခတ်သော်လည်း အထက်က အမိန့်မရ၍ ပြန်လည်တိုက်ခိုက်ခြင်း မပြုဘဲ ဆုတ်ခွာခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဝင်များထံက သိရသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာ ဒုတိယပတ်မှ စတင်၍ ရန်ကုန် – မော်လမြိုင် ကားလမ်းတလျှောက်တွင် အရပ်ကားများအသုံးပြု၍ ကင်းပုံးဝပ်ခြင်း၊ အင်အားတွေ ဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့များ သွားရောက် တိုက်ခိုက်နေစဉ်
#ရန်ကုန်မော်လမြိုင်ကားလမ်း #စစ်ကောင်စီဂိတ်စခန်း #တော်လှန်ရေးတပ်ဖွဲ့များ #သွားရောက်တိုက်ခိုက် #စစ်ကောင်စီတပ်သားငါးဦးသေဆုံး #Ayeyarwaddy_Times