ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၂၀ ရက်

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ငွေကောက်ခံရရှိသည့်ငွေကြေး ဝေစုမတည့်လို့ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုရဲမှူးကျော်သူဝင်း ဆိုသူ သေဆုံးခဲ့ကြောင်း Tanintharyi Defense Force ထံကသိရသည်။

“သူတို့ချင်း ဝေစုမမျှလို့ ပစ်ခတ်ကြတာ။ဒုရဲမှူးကတော့ သေသွားပြီဟု ရဲသတင်းပေးတစ်ဦး၏ ပြောပြချက်အရ သိရသည်” ဟု Tanintharyi Defense Force ထုတ်ပြန်ထားသည်။

မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးကြမ်းနေပြီး ခရီးသွားယာဉ်လိုင်းများကို ငွေကြေးတောင်းခံပြီးမှသာလျှင် ဖြတ်သန်းခွင့်ပြုနေကြောင်း ကားသမားများကထံကသိရသည်။

ထိုပြင် ဒီကနေ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့သည့်ဒုရဲမှူးကျော်သူဝင်း၏နာရေးကို ဝဲကျွန်းခရိုင်ရုံးတွင် ယနေ့နေ့လည်ပိုင်းမှာ ပြုလုပ်မည်ဟု သတင်းရရှိထား​ကြောင်း Tanintharyi Defense Force ထံမှ သိရသည်။