
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
ဒီသီတင်းပတ်အတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ရုရှားနဲ့ မြောက် ကိုရီးယားကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စ တင်ပြဖို့ စီစဉ်နေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယို က အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ညီညွတ်လိမ့်မယ်လို့ ပြောပါတယ်။
“မြောက်ကိုရီးယားနဲ့ ရုရှားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက ကုလသမဂ္ဂ လုံခြုံရေးကောင် စီ ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဆန့်ကျင်တာကြောင့် တရားမဝင်ပါဘူး” လို့ ကု လသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်မြို့တော်သို့ မထွက်ခွာမီ AP သတင်းဌာနရဲ့ မေးမြန်း ချက်ကို သူက ဖြေကြားခဲ့ပါတယ်။
ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ ယွန်ဆတ်ခ်ယိုက သူ့ရဲ့အကဲဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားကာ အမေရိကန်၊ ဂျပန်နဲ့ အခြားမိတ်ဖက်နိုင်ငံတွေမှ အကြီး အကဲတွေနဲ့ တန်ပြန်အစီအမံတွေ ဆွေးနွေးမယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောပါတယ်။
“မြောက်ကိုရီးယားနိုင်ငံရဲ့ ဘယ်လို နျူကလီးယားတိုက်ခိုက်မှုမျိုးမဆို အစိုးရပြုတ်ကျတဲ့အထိ ဖြစ်သွား စေမယ့် လက်တုံ့ပြန်မှုမျိုးနဲ့သာ ကြုံတွေ့ရမယ်ဆိုတာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံက ထပ်လောင်းအ တည်ပြုခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ မည်သည့် နျူကလီးယား သို့မဟုတ် ဒုံးကျည်ခြိမ်းခြောက်မှုမျိုးကိုမဆို လက်တုံ့ ပြန်မယ့်စွမ်းရည်ကို မြှင့်တင်သွားမယ်လို့လည်း သူက ကတိပြုပါတယ်။
တောင်ကိုရီးယားနိုင်ငံက လာမယ့်နှစ်အတွင်း ယူကရိန်းသို့ ဒေါ်လာ သန်း ၃၀၀ ထပ်တိုး ထောက်ပံ့မှာဖြစ် လို့ ဒီနှစ်ထောက်ပံ့တာထက် ဒေါ်လာ သန်း ၁၅၀ ပိုများတယ်လို့ သူက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံက ယူကရိန်းသို့ ဒေါ်လာ ၂ ဘီလီယံကျော်တန်ကြေးရှိ ရေရှည်အထောက်အပံ့တွေ ပံ့ပိုးကူညီဖို့ ပြင်ဆင်နေတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – VOA
Ref; South Korea’s Yoon Warns Against Russia-North Korea Military Cooperation