
ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာလ ၁၉ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့ပေါ်ရှိ အောင်သုခရပ်ကွက်တွင် ယမန်နေ့ စက်တင် ဘာလ ၁၈ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်က သတင်းရဲတပ်ဖွဲ့ (SB) မှ သုံးပွင့်အဆင့်ရှိ ဒုရဲမှူး မြင့်လွင်ကို ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့လယ်ခေါင်တစ်နေရာတွင် အိမ်စီးကားဖြင့် သွားလာနေသည့် ရေးမြို့နယ်၊ သတင်းရဲတပ်ဖွဲ့မှ သုံးပွင့်အရာရှိ ဒုရဲမှူးမြင့်လွင်ကို သေနတ်နှစ်လက်ဖြင့်ပိတ်ဆို့ ပစ်ခတ်ခဲ့ရာ ကားပေါ်တွင်သေဆုံးခဲ့ပြီး ၎င်း၏အလောင်းကို ရေးမြို့နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“စကခ ၁၉ လက်အောက်ခံပါ။ SB ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သုံးပွင့်နဲ့အရာရှိကို ရှင်းလင်းခဲ့တာပါ။ ကျွန်တော်တို့ သူရဲ့သတင်းတွေ သွားလာလှုပ်ရှားတာတွေကိုလို က်နေတာကြာပါပြီ။ ဒီနေ့အခွင့်အရေး ရတော့မြို့ထဲကနေ စောင့်ပစ်ပါတယ်။ ဒီလက်ပိုပြီး တော့လည်း ထပ်ချဦးမှာပါ။ သူတို့(စစ်ကောင်စီ)ဘက်က အကောင်ရေများကြီးရှိ သေးတယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရေးမြို့နယ်၊ သတင်းရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲမှူးမြင့်လွင်သည် ရေးမြို့နယ်အတွင်းမတရားငွေကြေး ကောက်ခံနေခြင်းများ ရှိကြောင်းသိရပြီး အမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်တွင် လှုပ်ရှားမှုပြုလုပ် နေကြောင်း သိရသည်။
ရေးမြို့နယ် အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း လမိုင်းမြို့ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ယူနေသည့် သတင်းရဲတပ်ဖွဲ့(SB) ရဲအုပ်ညီညီဆိုသူကို Ye Guerrilla Forceအဖွဲ့ကသေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။
ဓာတ်ပုံ – ဒုရဲမှူးမြင့်လွင်
#ရေး #SB #သတင်းရဲတပ်ဖွဲ့ #သတ်ခံရ #ဒုရဲမှူး #ရေးဘီလူး #Ayeyarwaddy_Times