ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယခု စက်တင်ဘာလ ၁၀ ရက် အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၃ သန်းကျော် ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်သည် စက်တင်ဘာ ၄ ရက်မှ ၁၅ ရက်နေ့အတွင်း ပြည်တွင်းဘဏ်များမှ တစ်ဆင့် ဒေါ်လာသုံးစွဲသူ (customer) ထံ ထုတ်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များ အရသိရသည်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး ပြန်လည်ကျဆင်းလာကာ ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့တွင် ကန်တစ်ဒေါ်လာလျှင် ကျပ် ၃,၃၇၅ မှ ၃,၄၂၅ ကြား ရှိပြီးမြန်မာကျပ်ငွေ ပြန်လည်မာလာပြီဖြစ်ကြောင်း ဈေးကွက်အတွင်းကသိရသည်။
လက်ရှိတွင်အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ဒေါ်လာလိုအပ်၍ ဝယ်ယူလိုပါက ပြည်တွင်းဘဏ်များထံ ဒေါ်လာဝယ်ယူလိုကြောင်းစာတင်ပြရပြီး ယင်းတို့မှတဆင့် ဗဟိုဘဏ်ကို ထပ်မံတင်ပြကာ ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ဒေါ်လာအရောင်း၊ အဝယ်ပြုလုပ်ရခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံခြားငွေတရားမဝင်ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းပြုလုပ်ပါက နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဗဟိုဘဏ် #ဒေါ်လာသန်း၂၇၀ကျော်ထုတ်ရောင်း #ဒေါ်လာဈေးကျ #Ayeyarwaddy_Times