ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

မြန်မာအာဏာသိမ်းတပ်ဖွဲ့တွေက တော်လှန်ရေးသမားတွေနဲ့ တိုက်ခိုက်လျက်ရှိရာ ရွာတွေဝန်းကျင်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားခြင်းအားဖြင့် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ လူ့ အခွင့်အရေးအုပ်စု Amnesty International က ယနေ့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက တိုင်းရင်သားလက်နက်ကိုင် အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ထိုင်းနယ်စပ်အနီး ကယားပြည်နယ်ကို သွားရောက်တဲ့ခရီးစဉ်အတွင်း Amnesty International က သု တေသီတွေက မြေမြှုပ်မိုင်းပေါက်ကွဲမှုမှာ အသက်ရှင်ခဲ့သူတွေ၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကု သပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နယ်မြေရှင်းလင်းရေးမှာ ပါဝင်ခဲ့သူတွေကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရ ပါတယ်။

မြန်မာစစ်တပ်က စပါးစိုက်ခင်းသွားတဲ့လမ်းတွေ အပါအဝင် ရွာ ၂၀ ဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင် ထားခဲ့ရာ ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေ ဖြစ်စေခဲ့တယ်ဆိုတဲ့ ယုံကြည်လောက်ဖွယ်ရာ သတင်းအချက်အ လက်တွေ ရရှိခဲ့တယ်လို့ Amnesty International က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ ခြံဝင်းတွေ၊ နေအိမ်ဝင်ပေါက်တွေ၊ အိမ်သာအပြင်ဘက်တွေ မှာတောင် မြေမြှုပ်မိုင်းတွေထောင်ခဲ့တယ်လို့ Amnesty International က ပြောပါတယ်။ အာဏာသိမ်းမှုဆန့်ကျင် ရေးတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေးကိရိယာမရှိသောကြောင့် နယ်မြေအချို့တွင် လက်ဖြင့် မိုင်းရှင်းလင်းနေရ တယ်လို့ Amnesty International က အကြီးတန်းအကြံပေး ရော်ယာရတ်ဂျ်က ပြောပါတယ်။

မြန်မာနိုင်ငံက လူသေစေနိုင်တဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုကို တားမြစ်ထားတဲ့ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာကြာ ပြည်တွင်းပဋိပက္ခအတွင်း မြန်မာစစ် တပ်က ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် ခန့်မှန်းချေ လူပေါင်း ၇၅၀၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်ပြီး ရိုဟင်ဂျာတွေကို ဖျက်ဆီးဖို့ကြိုးပမ်းတဲ့ အထောက်အထားတွေရှိတယ်လို့ အမေရိကန်နိုင်ငံက မတ်လအတွင်း ကြေညာခဲ့ပါတယ်။

ကိုးကား – AFP
Ref; Myanmar military landmine use amounts to war crimes: Amnesty