ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း မုံရွာ-ပုသိမ်လမ်း၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်း၊ဆားလင်းကြီး -ပေါင်းဝလမ်းပိုင်းများပေါ်သို့ ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ပြီး ဘောက်ဆာကားများနဲ့ ဆီပေပါကားများ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းလိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်သည်။

ဆီကုန်ကူးသည့်ကားများမှ သတိပေးချက်ကိုလိုက်နာမှုမရှိပါက ဖြစ်လာမည့်ပြဿနာအားလုံးကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့များမှတာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ လမ်းပိုင်းများကို ပိတ်သိမ်းလိုက်သည့် ဒေသကာကွယ်ရေးတပ်ပူပေါင်းအဖွဲ့များမှာSalingyi G-Z Local PDF၊One Star Task Force ၊Young People Force တပ်ဖွဲ့တို့ဖြစ်သည်။

ထို့ပြင် ပြန်လည်ဖြတ်သန်းသွားလာခွင့်ကိုပြန်လည် မထုတ်ပြန်မခြင်းအဆိုပါလမ်းပိုင်းများကို ဆက်လက်ပိတ်ပင်ထားမှာဖြစ်ကြောင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကဆိုသည်။