
နွေဦးမောင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မော်လမြိုင်-ရေး -ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေသည့် ခရီးသွားယာဥ်များ နှင့်ကုန်ကားများကို ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက နယ်မြေ လုံခြုံရေးအတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှုများပြုလုပ်ရာတွင် ခရီးသွားပြည်သူများကပါ ပူးပေါင်းပါဝင်ပေးခဲ့ကြ ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထံက သိရသည်။
“ရေးမြို့နယ်ရယ် နောက် ကရင်ဝ ဆီဆိုင်နားနဲ့ ပြည်ထောင်စုလမ်းမကြီးပေါ် ဖြက်သန်းသွားလာနေတဲ့ မော်တော်ယာဥ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေ ကားပေါ်မှာ မပါနဲ့ သူတို့နဲ့ ဆက်စပ်တာတွေကို စစ်ဆေးတာပါ” ဟု အမှတ် (၃) စစ်ဒေသခွဲ တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မော်လမြိုင် -မုဒုံ -ရေး – သံဖြူဇရပ်-ထားဝယ်-မြိတ် လမ်းပိုင်းတွေမှာ သွားလာနေကြတဲ့ မော်တော်ယာဥ်များကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ တားစီးစစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးကြရန်နှင့် စစ်ကောင်စီနှင့်ပတ်သက် သူများ ၊ ၎င်းတို့၏ ပစ္စည်းများကို သယ်ဆောင်ခြင်း မပြုလုပ်ကြရန် အသိပေးထားသည်။
ထို့ပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ပိုင်ကားများနှင့် လိုက်ပါစီးနင်း၍ ခရီးသွားလာခြင်း မပြုလုပ်ရန် အမှတ် (၃) စစ်ဒေသခွဲ တောင်ပိုင်းတိုင်းစစ်ဒေသခွဲမှူးရုံးက မေတ္တာရပ်ခံထားကြောင်း သိရသည်။
“ အမြဲလိုလိုစစ်တာတွေ့တယ်။ ခရီးသည်တင် ယာဥ်မောင်းကားသမားတွေနဲ့ ကုန်တင်ကားတွေလည်း ကြည်ကြည်ဖြူဖြူ ရပ်ပေးကြတယ်။ ကျွန်တော်တို့လို ပြည်သူတွေ ကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တသားတည်းရှိတယ်ဆိုတာကို ပါးစပ်ကကော၊ ကိုယ်အမူရာနဲ့ပါ ပြသကြပါတယ်” ဟုခရီးသွားပြည်သူတစ်ဦးက ဆိုသည်။
ဓာတ်ပုံ-တော်လှန်ရေးတပ်ဖွဲ့များကယာဥ်များကို စစ်ဆေးနေစဉ်
#မော်လမြိုင်ရေးထားဝယ် #အမှတ်၈ပြည်ထောင်စုလမ်းမကြီး #ယာဥ်များ #နယ်မြေလုံခြုံရေး #စစ်ဆေးမှုပြုလုပ် #Ayeyarwaddy_Times