ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်

ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဖျက်ဆီးလိုတဲ့ တစ်ဖက်သတ်အပြုအမူတွေ ရပ်တန့်ဖို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန က တရုတ်နိုင်ငံကို တိုက်တွန်းခဲ့ပြီး ယင်းသို့သောအပြုအမူက တင်းမာမှုတွေ သိသိသာသာ မြင့်တက်စေနိုင်တယ် လို့ သတိပေးလိုက်ပါတယ်။

ထိုင်ဝမ်ကို လက်အောက်ခံပိုင်နက်တစ်ခုအဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံဟာ မကြာသေးမီနှစ်တွေအ တွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန်ဆိုသလို ပြုလုပ်ခဲ့ပါတယ်။

တစ်ရက်အတွင်း တရုတ်စစ်လေယာဉ် ၁၀၃ စင်းကို ပင်လယ်ပြင်ပေါ်မှာ ခြေရာခံနိုင်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်း တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေက ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း လုံခြုံရေးအ တွက် ပြင်းထန်သော စိန်ခေါ်မှုတွေ ဖြစ်စေခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဟာ ဒေသတွင်း နိုင်ငံအားလုံးရဲ့ ဘုံတာဝန်ဝတ္တရားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“ကွန်မြူနစ်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်ကာ ဒေသတွင်းလုံခြုံရေးကို ဆိုးရွားစေနိုင်ပါတယ်။ ဖျက်ဆီးလိုတဲ့ တစ်ဖက်သတ် လုပ်ဆောင်ချက်တွေ ချက်ချင်း ရပ်တန့်ဖို့ တရုတ် အာဏာ ပိုင်တွေကို ထိုင်ဝမ်က တောင်းဆိုပါတယ်” လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဇူလိုင်လမှ စက်တင်ဘာလအတွင်းကာလဟာ ကမ်းရိုးတန်းတစ်လျောက် တရုတ်စစ်ရေးလေ့ကျင့်မှုတွေ အများဆုံးပြုလုပ်တဲ့ကာလဖြစ်တယ်လို့ အဆိုပါဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တိုးချဲ့ထားတဲ့ လေတပ်အခြေစိုက်စခန်းတွေမှာ ဂျက်တိုက်လေယာဉ်သစ်တွေ၊ ဒရုန်း တွေ ဖြန့်ကြက်ပြီး ထိုင်ဝမ်ကိုရင်ဆိုင်ဖို့ လေကြောင်းအင်အား တိုးမြှင့်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာ နက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Taiwan urges China to stop ‘destructive’ military activities

#Ayeyarwaddy_Times