ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်

ယူကရိန်းက ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် လေကြောင်းရန် ကာ ကွယ်ရေးကိရိယာတွေ ဝယ်ယူနေတဲ့ ဗြိတိန်ဉီးဆောင်တဲ့ မဟာမိတ်အဖွဲ့တစ်ခုသို့ ကနေဒါနိုင်ငံက ဒေါ်လာ ၂၄ သန်းကျော် ကူညီထည့်ဝင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲက ပြောကြားလိုက်ပါတယ်။

အခုလို ကူညီထည့်ဝင်မှုဟာ ဇွန်လအတွင်း ဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါ ကြေညာခဲ့တဲ့ ကနေဒါနိုင်ငံရဲ့ ယူကရိန်းသို့ ကနေဒါဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ့်အစီအစဉ်ရဲ့ တစ်စိတ်တစ် ပိုင်းဖြစ်တယ်လို့ ဘီလ်ဘလဲက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ပြည်ပရောက် ယူကရိန်းနိုင်ငံသားတွေ အများဆုံးနေထိုင်ရာ တစ်နိုင်ငံဖြစ်တဲ့ ကနေဒါက ယူကရိန်းသို့ အ ဓိက ထောက်ခံအားပေးကူညီတဲ့ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှားက ယူကရိန်းသို့ ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ရေးအကူ အညီ ကနေဒါဒေါ်လာ ၁ ဒသမ ၈ ဘီလီယံဝန်းကျင် အပါအဝင် ကနေဒါဒေါ်လာ ၈ ဘီလီယံကျော် ပံ့ပိုးကူညီဖို့ ကနေဒါနိုင်ငံက ကတိပြုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဉီးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ ယူကရိန်းသို့ စစ်ရေးအကူအညီတွေ အဓိက ပေးအပ်နေတဲ့ အ မေရိကန်နိုင်ငံ အပါအဝင် နယ်သာလန်နဲ့ ဒိန်းမတ်တို့လည်း ပါဝင်ပါတယ်။

အဆိုပါမဟာမိတ်အဖွဲ့က ရုရှားရဲ့ ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မယ့် ရာနဲ့ချီတဲ့ တာ တိုနဲ့ တာလတ် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ ဆက်စပ်ကိရိယာတွေ ဝယ်ယူဖို့ ရည်ရွယ်ပါတယ်။

ကိုးကား – Reuters
Ref; Canada to Give C$33 Million to Help Buy Air Defenses for Ukraine

#Ayeyarwaddy_Times