
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာရှိသည့် စစ်ကောင်စီ၏အဓိက တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး အရှင်ဖမ်းမိ ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် အောင်ဂျာရွာ အနီးရှိစစ်ကောင်စီ၏ လိုင်လွမ့် အောင်ဂျာတပ်စခန်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် KIA တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ထံကသိရသည်။
“စစ်ကောင်စီစခန်းက လက်နက်ခဲယမ်းတွေနဲ့ စခန်းကိုသိမ်းနိုင်ခဲ့တယ်။ နှစ်ဦးကိုလည်း မိလာတယ်။ မိနစ်ပိုင်းပဲခြားတယ် လေကြောင်းနေ ဆက်တိုက် ဗုံးလာကြဲတယ် “ဟု ကချင်စစ်ရေးသတင်းရင်းမြစ် က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စခန်းသိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ပြီး လေကြောင်းမှ သုံး ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
KIA၊ PDF တပ်ဖွဲ့များသည် စစ်ကောင်စီတပ်၏ စစ်ရေးအရ ဗျူဟာကျသည့် တပ်စခန်းသုံးခုအနက် အဓိကစခန်းတစ်ခုကို ၂ နာရီကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့သည့်အတွက် စစ်ကောင်စီတပ်က စခန်းပြန်လည်ရရှိရေးအတွက် လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ပြီး ထိုးစစ်ဆင်နေကြောင်း သိရသည်။
#ကချင် #အောင်ဂျာရွာ #စစ်ကောင်စီစခန်း# KIAPDFသိမ်းပိုက် #Ayeyarwaddy_Times