
ဧရာဝတီတိုင်းမ်
ရသေ့တောင်၊ စက်တင်ဘာလ ၁၈ ရက်
ရသေ့တောင်မြို့နယ်၊မယူကမ်းဒေသ၊ပန်းဖော်ပြင်ကျေးရွာအနီး၊လမ်းဘေးမှာ စက်တင်ဘာလ ၁၆ ရ က်နေ့၊မနေ့က အဓမ္မပြုကျင့်အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရတဲ့ ကျောင်းဆရာမအတွက် တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေ၊ပညာရေအ သိုင်းတွေနဲ့ပြည်သူတွေက တောင်းဆိုနေကြပါတ ယ်။
အဲဒီဆရာမကို ဓားနဲ့လည်လှီးခုတ်ဖြတ်ထားခဲ့သလို ခေါင်း၊ဇတ်နဲ့ဝမ်းဗိုက်ကိုပါရိုက်သတ်ထားတဲ့တာလို့ မိသားစုဝင်တွေက အတည်ပြုပြောကြပါတယ်။
သူမကို ရက်ရက်စက်စက်အကြမ်းဖက်သတ်ဖြတ်ခဲ့တာဟာ လူမဆန်တဲ့ရပ်လုပ်ဖြစ်ပြီး တရားခံတွေကိုအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးအရေးယူပေးကြဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
“ကျမညီမလေးက အနေအေးသိမ်မွေ့တဲ့သူပါ။ချစ် သူရည်းစားလည်း ရှုပ်ပွေတာတွေမရှိဘူး။ဘာကြောင့် ဒီလောက်ရက်ရက်စက်စက်သတ်ရဲကြတာလဲ။ ညီ မလေးမှာ ဘာအပြစ်ရှိလို့လဲ။တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးစေချင်တယ်။တရားခံကိုသိချင်ပါတယ်။”လို့ အစ်မဖြစ်သူမညိုညိုလွင်က Border News Agency သို့ ပြောပါတယ်။
အဲဒီဆရာမရုပ်အလောင်းကို ဆေးရုံသို့ယူဆောင်ပြီး ဆေးစစ်ချက်တွေမယူခဲ့ဘဲချက်ချင်းမြေမြုပ်သဂြို ဟ်လိုက်တဲ့အပေါ်ဝေဖန်ပြောဆိုမှုတွေလည်း ရခိုင်ပြည်သူတွေကြားမှာ ဝေဖန်ပြောဆိုမှုတွေမြှင့်တက် နေပါတယ်။
အဲဒီလိုအကြမ်းဖက်သတ်ဖြတ်ခံရတာတွေကို ဆေး ရုံက ကျွမ်းကျင်မှူးခင်းဆရာဝန်ရဲ့ဆေးစစ်ချက်မပါဘဲသဂြိုဟ်လို့မရသလို ဥပဒေလမ်းကြောင်းအရလ ည်း ဆရာဝန်ဆေးစစ်ချင်မပါဘဲဘာတစ်ခုမှလုပ်လို့မရဘူးလို့ ဝေဖန်ထောက်ပြကြပါတယ်။
”အကြမ်းဖက်သတ်ဖြတ်ခံရသလို အဓမ္မပြုကျင့်ခံထားရတဲ့အနေအထားလ ည်းမြင်ရပါတယ်။ဒါကိုတောင် ဆေးစစ်ချက်မယူဘဲချက်ချင်းသဂြိုဟ်လို က်တာဟာ အမှုကို ဖျောက်ခိုင်းလိုက်သလိုပါ။ဒါက အမှုမှန်ပေါ်ပေါက်ရေးအတွက်ထပ်ပြီးအဓမ္မပြုကျင့်ခံလိုသမီးတစ်ယောက်ကိုအကြမ်းဖက်လိုက်တာမဟုတ်ဘူး။အမျိုးသမီးအားလုံးကိုက်ရသလိုပါပဲ။”လို့ ရခိုင်မှ အမျိုးသမီးတွေအ ရေးလှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။
အဲဒီဆရာမကို စနစ်တကျကြိုတင်ပြင်ဆင်အကြမ်း ဖက်သတ်ဖြတ်တာဖြစ်နိုင်သလို ပြည်သူတွေအ ကြောက်တရားတွေဖြစ်လာအောင် ဓာတ်ပုံတွေကိုအ ချိန်နဲ့တပြေညီဖြန့်လိုက်ကြတာလည်းဖြစ်နိုင်တယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေကြပါတယ်။
အဲဒီလိုအကြမ်းဖက်သတ်ဖြတ်ခံရတဲ့နေရာဟာ ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ULA/AA)ရဲ့နေရာမို့ ULA/AA မှာ တာဝန်ရှိတယ်လို့လည်း ထောက်ပြကြပါတယ်။
အဲဒါကြောင့် ပြည်သူတွေအကြောက်တရားတွေလျော့သွားစေဖို့နဲ့ရခိုင်ပြည်သူတွေရဲ့ယုံကြည်ထော က်ခံမှုတွေ ပိုမိုရရှိလာစေဖို့ ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ULA/AA)က ပြစ်မှုကျူးလွန် သူတွေကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးအရေးယူပြသင့်တယ်လို့လည်း ဆိုကြပါတယ်။
“ပညာရေးဝန်ထမ်းတွေဘဝတောင် လုံခြုံမှုမရှိတော့ဘူးဆိုတော့အနယ်နယ်အရပ်ရပ်မှာတာဝန်ကျနေကြတဲ့ နေရပ်ဝေးနေကြသူပညာရေးဝန်ထမ်းတွေအ တွ က် အရမ်းစိုးရိမ်စရာကောင်းလာပါပြီ။ဒါက အမျိုး ခြိမ်းခြောက်လိုက်တာဖြစ်တယ်။ဒါကြောင်း ဒီအမှုကိုအမြန်ဆုံးဖော်ထုတ်ပေးပြီး တရားခံကိုထိထိရောက်ရောက်အရေးယူပေးစေချင်တယ်။”လို့ ရခိုင်မှကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တ ပ်တို့ကြားနှစ်ဘက်နားလည်မှုနဲ့အပစ်ရပ်ထားကြပေမယ့် နှစ်ဘက်စစ်ရေးလှုပ်ရှားမှုတွေ၊စစ်ရေးတင်းမာ မှုတွေဖြစ်နေချိန်မှာ ခုလိုအကြမ်းဖက်သတ်ဖြတ်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ဒါဟာ ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချု ပ် /ULA/AA)ရဲ့အာရက္ခပြည်သူ့အစိုးရအပေါ်ရခိုင်ပြည်သူတွေပေးတဲ့စိန်ခေါ်စမ်းသပ်မှုတစ်ခုလည်းဖြစ်တာမို့ ULA/AA ကို အကဲဖြတ်ပေးမယ့်မှုခင်းတ စ်ခုလို့လည်း ဆိုကြပါတယ်။
(ဓာတ်ပုံ-ဆရာမရုပ်အလောင်းကို မြေမြုပ်ဖို့ပြုလုပ်နေစဥ်/ လူမှုကွန်ရက်)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times