
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ပြည်တွင်းရေးတစ်ခုသာဖြစ်ပြီး အဆိုပါပြဿနာကို မြန်မာနိုင်ငံရဲ့ ဉပဒေပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေ၊ အာဆီယံအဖွဲ့ရဲ့ ယန္တယားတွေမှတစ်ဆင့်သာ ဖြေရှင်းသင့်တယ်လို့ ထိုင်း ဒုတိ ယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဖာသီသာနူကွန်က ပြောပါတယ်။
အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခ အဆုံးသတ်ရေး ရည်ရွယ်တဲ့ ဘုံသဘော တူညီချက် ၅ ရပ်ကို ဗဟိုပြုတာကြောင့် ဒေသတွင်း အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကို အပြစ်မယူနိုင်ဘူးလို့ သူက ဆိုပါတယ်။
ထိုင်းအစိုးရသစ်ဟာ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ သံန္နိဌာန်ချထားဆဲလို့ ဖာ သီသာနူကွန်က ပြောပါတယ်။
ပဋိပက္ခ၊ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ကိစ္စရပ် တွေ အပါအဝင် မြန်မာနိုင်ငံတွင်းက ပြည်တွင်းရေးတွေဟာ မြန်မာနိုင်ငံက ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿ နာတွေသာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ကူညီဖို့ အာဆီယံအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ သူက ကတိပြုပါတယ်။
မူးယစ်ဆေးဝါးနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုလိုမျိုး ထိုင်းနိုင်ငံကို တိုက်ရိုက် သက်ရောက် စေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းနဲ့မြန်မာအစိုးရတွေက တရားဝင်နဲ့ အလွတ်သဘော ဆွေးနွေးမှုတွေပြုလုပ် ဖို့ လိုအပ်မယ်လို့ သူက အတည်ပြုပါတယ်။
အာဆီယံဉက္ကဌနဲ့ တိုင်ပင်ဆွေးနွေးမှုအပေါ် အခြေခံပြီး အာဆီယံမူဘောင်ပြင်ပမှာ မြန်မာနိုင်ငံနဲ့ အလွတ် သဘော ဆွေးနွေးမှုတွေပြုလုပ်ဖို့ ထိုင်းနိုင်ငံက စဉ်းစားမယ်လို့ ဖာသီသာနူကွန်က ဆိုပါတယ်။
မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုလို ကိစ္စရပ်တွေအတွက် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူတွေ က ဆွေးနွေးမှုတွေ ကျင်းပနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – Prachaitai
Ref; Foreign Minister stresses ASEAN’s role in Myanmar peace efforts; Thailand seeks UNHCR seat