
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်ရှိ တမန်ချောင်းကျေးရွာ စာသင်ကျောင်းမှ မီးကြိုးများကို စက်တင်ဘာလ ၁၅ ရက်နေ့ညကဖြုတ်ခိုးခံရပြီးနောက် ပြန်တပ်ဆင်ဖို့ ကျောင်းသားများထံမှ
ငွေကောက်ခံမှုတွေရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ကျောင်းတွင်ရှိသည့် မီးကြိုးအကုန်ဖြုတ်ခိုးခံရမှုကြောင့် ကျောင်းသား ကျောင်းသူတစ်ဦးကို ငွေကျပ် ၅၀၀ မှ ၁၀၀၀ ကြား ကောက်ခံနေကြောင်း ဒေသခံများမှပြောသည်။
” သူခိုးက တစ်ကျောင်းလုံးက လျှပ်စစ်မီးသွယ်ထားတဲ့မီးကြိုးတွေ အကုန်ဖြတ်ခိုးသွားတာ။ ဆရာမတွေကလောလောဆယ်တော့ ကျောင်းသားတစ်ဦးကို ၅၀၀ နဲ့ ၁၀၀၀ ထည့်ခိုင်းပြီး ပြန်၀ယ်တပ်ဖို့လုပ်နေတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင်ကျေးရွာအုပ်စုအတွင်း ခိုးမှုများဆက်တိုက်ဖြစ်ပွားလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြသော်လည်း လုပ်ဆောင်ပေးခြင်းမရှိသဖြင့် ကျေးရွာနေသူများမှ လေးဦး တစ်ဖွဲ့ ဖွဲ့ကာ ညစဥ်ကင်းစောင့်နေရကြောင်း သိရှိရသည်။
ငပုတောမြို့နယ်တွင်းက ကျေးရွာများတွင် ခိုးမှုလုယက်မှုများဖြစ်ပွားမှုများသည် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့များ ရဲကင်းများတွင်နေထိုင်သော်လည်း ဇူလိူင်လပိုင်းကစပြီး မြို့များတွင်အင်အားမရှိဟုဆိုကာ ပြန်လည်ရုပ်သိမ်းသွားပြီးနောက်ပိုင်း ပိုများလာကြောင်း ဒေသခံများကပြောသည်။
#ငပုတောမြို့နယ် #စာသင်ကျောင်း #မီးကြိုးခိုးခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times