ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်

ထိုင်ဝမ်သို့ စစ်လက်နက်တေွ ရောင်းချမှုနဲ့ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Lockheed Martin နဲ့ Northrop Grumman တို့ကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Lockheed Martin က သြဂုတ်လ ၂၄ ရက်မှာ ကြေညာခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်သို့ စစ်လက်နက် ရောင်းချမှုမှာ တိုက်ရိုက် ပါဝင်ခဲ့ပြီး Northrop Grumman က စစ်လက်နက်ရောင်းချမှုများစွာမှာ ပါဝင်ခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒဏ်ခတ်အရေးယူတာဟာ တရုတ်နိုင်ငံရဲ့ ပြည်ပတိုင်းပြည်များကို ဒဏ်ခတ်အရေးယူရေးဉပဒေနဲ့အညီ ဖြစ်တယ်လို့ အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပေမယ့် အရေးယူမယ့် အကြောင်းအရာ သို့မဟုတ် အချိန်ကိုတော့ ထုတ်ဖော်မပြောကြားခဲ့ပါဘူး။

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ပြီး အ ချုပ်အချာအာဏာနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားတွေကို ထိခိုက်စေခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရှိသူ မော်နင်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်သို့ စစ်လက်နက်တွေရောင်းချတာ ရပ်တန်ဖို့ တရုတ်နိုင်ငံက တောင်းဆိုတယ်လို့ သူက ပြောကြား ပြီး စစ်လက်နက်တွေ ဆက်လက်ရောင်းချရင် ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ သတိပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်တွေ ရောင်းချမှုနဲ့ထောက်ပံ့မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ် တလဲလဲ ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; China announces sanctions on 2 US defense firms over arms sales to Taiwan

#Ayeyarwaddy_Times