ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်

ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်ကျောထောက်နောက်ခံ အထက်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မခံခဲ့ရတဲ့ ထိုင်းအတိုက်အခံ Move Forward Party (MFP) ခေါင်းဆောင် ရာထူးမှ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

MFP ဟာ မေလအတွင်းပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့ပေ မယ့် ပါတီခေါင်းဆောင် ပီတလင်ဂျာရုတ်ဟာ ဝန်ကြီးချုပ်ဖြစ်ရေး ပိတ်ပင်ခံခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်း ရာမှာလည်း MFP ကို ချန်လှပ်ထားခဲ့ပါတယ်။

MFP ခေါင်းဆောင်ရာထူးမှ နှုတ်ထွက်ကြောင်း ပီတက စက်တင်ဘာလ ၁၅ ရက်မှာ သူ့ရဲ့လူမှုကွန်ရက် ကနေ ကြေညာခဲ့ပါတယ်။ လွှတ်တော်အမတ်တစ်ဉီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ပိတ်ပင်ခံထားရတာကြောင့် MFP ခေါင်းဆောင်အဖြစ် ဆက်တာဝန်ယူလို့ မရတော့ဘူးလို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံးမှ ပီတကို လွှတ်တော်အမတ်အဖြစ် ယာယီ ရုတ်သိမ်း ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လွှတ်တော်အမတ်လောင်းတွေကို မီဒီယာကုမ္ပဏီ ပိုင်ဆိုင်ခွင့်မပြုတဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ စည်း မျည်းကို ပီတက ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

MFP ခေါင်းဆောင်ရာထူးမှ နှုတ်ထွက်ပေမယ့် ပါတီနဲ့ လက်တွဲဆောင်ရွက်မယ်လို့ သူက ပြောပါတယ်။ ပီ တဟာ MFP ကို မေလ ရွေးကောက်ပွဲမှာ အနိုင်ရရှိအောင် ဉီးဆောင်ခဲ့ပါတယ်။

ပြည်ပရှောင်တိမ်းရာမှာ မကြာသေးမီက ထိုင်းနိုင်ငံသို့ ပြန်ရောက်လာပြီး အဖမ်းခံခဲ့တဲ့ ဝန်ကြီးချုပ် ဟောင်း သက်ဆင်နဲ့ ပတ်သက်မှုရှိတဲ့ Pheu Thai ပါတီဟာ မေလရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယအများ ဆုံး အနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်ပါတယ်။

Pheu Thai ပါတီက MFP ကို ချန်လှပ်ပြီး စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီနဲ့လက်တွဲကာ ညွန့်ပေါင်းအ စိုးရတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။

Pheu Thai ပါတီအဖွဲ့ဝင် အိမ်ခြံမြေသူဌေးကြီး ဆာရတ်သာသာဗီဆင်းဟာ ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

ကိုးကား – NHK
Ref; Thai opposition party leader steps down

#Ayeyarwaddy_Times