
ဧရာဝတီတိုင်းမ်
စစ်တွေ၊စက်တင်ဘာလ ၁၆ ရက်
စစ်တွေမြို့ရှိပြည်နယ်စစ်ကောင်စီရုံးအနီး၊ကျောင်းကြီးလမ်းရပ်ကွက်၊ကြေးန န်းရုံးရှေ့မှာစက်တင်ဘာ လ ၁၅ ရက်၊ဒီနေ့မွန်းလွဲ ၁၂ နာရီကျော်အချိန်က ရ ခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးသေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေကအတည်ပြုပြောကြပါတယ်။
အဲဒီလိုပစ်သတ်ခံရပြီးသေဆုံးသွားသူဟာ ရခိုင်ပြ ည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့စောမြရာဇာလင်းခွဲထွက်အဖွဲ့မှတပ်ရင်းမှူးအဆင့်ရှိခိုင်စောလွင်ဖြစ်ပြီး
သူဟာ စောမြရာဇာလင်းရဲ့ညာလက်ရုံးလည်းဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။
အဲဒီနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ် ထွက်ပေါက်နေရာအားလုံးကိုပိတ်ဆို့ထားသလို မြို့ပေါ်နေရာအများစုကို စစ်ဆေးနေတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့၊မေယုလမ်းမကြီး၊လောကနန္ဒာဘု ရားအနီးမီးပွိုင့်မှ နာရီစင်ထိလမ်းပိတ်ထားတာဖြစ်ပြီး ရပ်ကွက်တချို့မှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးနေကြတယ်လို့ ဆိုကြပါတယ်။
“ပိတ်ထားတာတော့ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်းမှာ စစ်သားတွေနဲ့ရဲသားတွေကို ကင်းချပြီး ပိတ်ထားတာတွေ့တယ်။ဒီလောကနန္ဒာနားကနေ နာရီစင်အထိ ပြည်နယ်အစိုးရရုံးကို လုံခြုံရေးပေးတဲ့သဘောအ နေနဲ့ပိတ်ထားတာဖြစ်နိုင်တယ်။”လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီအပြင်စစ်တွေမြို့မှ ရွှေမင်းဂံဆိပ်ကမ်းဆင်းလ မ်းမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ဆိုကြပါတယ်။
နောက်ပြီး စစ်တွေမြို့ပေါ်ရပ်ကွက်တ ချို့မှာလည်း လုံခြုံရေးတွေတင်းကြပ်စွာချထားပြီး လမ်းသွားလမ်းလာတွေကို ဖုန်းကအစစစ်ဆေးနေတယ်လို့ဆိုကြပါတယ်။
“အဲဒီပစ်ခတ်မှုဖြစ်ပြီးတာနဲ့ ချက်ချင်းဆိုသလို လုံ ခြုံရေးကင်းတွေရပ်ကွက်တချို့မှာချပြီး လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေတာတွေရှိတယ်။လူကြီးလမ်းကြောင်းလေ့ရှိတယ်ကြားတော့စစ်ကား၊ရဲကားတွေ မြို့ထဲမှာ ပိုရှုပ်ထွေးနေတယ်။”လို့ စစ်တွေမြို့ခံနောက်ထပ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့ကလည်း စစ်တွေတက္က သိုလ်အနီးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA)ရဲ့စောမြရာဇာလင်းခွဲထွက်အဖွဲ့မှဒုတိယဥက္ကဌခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှတပ်ရင်းမှူးခိုင်ကျော်မင်းနဲ့ တပ်သားကျော်ကျော်နိုင်တို့သုံးဦးကို လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတ ယ်။
အဲဒီအပြင် ပြီးခဲ့တဲ့ဇန်နဝါရီ ၄ ရက်ကလည်း စစ်တွေမြို့၊ဝေသာလီကွင်းမှာ စစ်ကောင်စီပြုလုပ်တဲ့လွတ်လပ်ရေးအခမ်းအနားမှအပြန် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)မှခွဲထွက်သွားတဲ့စောမြရာဇာလင်းအဖွဲ့ဟာ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။
အဲဒီတုန်းကလည်း ကားနဲ့ပြန်လာချိန်စက်ရုံစုရပ်ကွက်အရောက်မှာသေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှခွဲထွက်သွားတဲ့စောမြရာဇာလင်းအဖွဲ့ရဲ့စစ်ဦးစီးချုပ် ရာထူးယူထားသူ ဗိုလ်ချုပ်ခိုင်စိုးမြအပါအဝင် တပ်မှူးသုံးဦးသေဆုံးသွားခဲ့ပါတယ်။
ရခိုင်မှာ စစ်တွေမြို့ပေါ်ဟာ အာဏာသိမ်းစစ်ကောင် စီထိန်းချုပ်လွှမ်းမှုအရှိဆုံးနေရာဖြစ်သလိုပြည်နယ်အစိုးရရုံးစိုက်ရာနေရာဖြစ်ပြီးအာဏာသိမ်းစစ်ကော င်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ရခိုင်ပြည်လွတ်မြော က်ရေးပါတီ(ALP)မှခွဲထွက်သွားတဲ့စောမြရာဇာလ င်းအဖွဲ့ဟာလည်း စစ်တွေမြို့ပေါ်မှာအခြေစိုက်လှုပ် ရှားနေတာဖြစ်ပါတယ်။
(ဓာတ်ပုံ-စစ်တွေမြို့ပေါ်မှာတွေ့ရတဲ့စစ်ကောင်စီတပ် ဖွဲ့ဝင်တချို့/BNA)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times