ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သားဖြစ်သူ ဉပဒေပိုင်းအရ တရားစွဲဆိုတာကို ကြုံတွေ့ခဲ့ရပါတယ်။ ဖက်ဒရယ် အစိုးရရှေ့နေတွေက သမ္မတ ဂျိုးဘိုင်ဒင်ရဲ့သား ဟန်တာဘိုင်ဒင်ကို သေနတ်ရောင်းချဖို့ စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဟန်တာဘိုင်ဒန်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း သေနတ်တစ်လက် ဝယ်ယူရာမှာ သူ့ရဲ့ မူး ယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီး လိမ်လည်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံသမိုင်းမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးရဲ့သားသမီးထဲက ပထမ ဆုံး စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။

ရာဇဝတ်မှုဆိုင်ရာ အမှုစစ်ဆေးမှုတစ်ခုကို ရှောင်လွှဲမှုဖြစ်စေမယ့် လျှောက်လဲချက်ဆိုင်ရာ သဘောတူညီ ချက်တစ်ရပ် ပျက်ပြားပြီးနောက် သီတင်းပတ်များစွာအကြာမှာ စွဲချက်တင်တာဖြစ်ပါတယ်။

ဟန်တာဘိုင်ဒင်ကို သဘောတူညီချက်အရ ကာကွယ်ပေးနေဆဲဖြစ်ပြီး တရားစွဲဆိုမှုကို ပယ်ဖျက်သင့် တယ်လို့ သူ့ရဲ့ရှေ့နေတွေက ပြောပါတယ်။

ဘိုင်ဒင်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ဖို့ သမ္မတဟောင်း ဒေါ်နယ် ထရမ့်နဲ့ ရီဗက်ပလီကင်မဟာမိတ်တွေက တွန်းအားပေးနေပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ အောက်လွှတ်တော်ဥက္ကဌ ကီဗင်မတ်ကာသီက သမ္မတ ဂျိုးဘိုင်ဒင်ကို တရား စွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဟန်တာဘိုင်ဒင်ဟာ အခွန်ပေးဆောင်ဖို့ ပျက်ကွက်မှုကြောင့် စွဲချက်တွေ ထပ်မံ ရင်ဆိုင်ရနိုင်တယ်လို့ စုံ စမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Biden’s son Hunter indicted on gun charges

#Ayeyarwaddy_Times