
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ဖို့ ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ ခရုဇ်ဒုံးကျည် တွေနဲ့ တိုက်လေယာဉ်တွေ အသုံးပြုခဲ့တယ်လို့ ယူကရိန်းစစ်တပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ဟာ စက်တင်ဘာလ ၁၃ ရက်က ခရုဇ်ဒုံးကျည် ၁၀ စင်း၊ မောင်းသူမဲ့သင်္ဘော ၃ စင်းနဲ့ ခ ရိုင်းမီးယားဒေသရှိ ဆီဗာစတိုပူလ် ဆိပ်ကမ်းမြို့တော်ကို တိုက်ခိုက်ခဲ့ရာ ရုရှားစစ်သင်္ဘော ၂ စင်း ပျက်စီးသွားခဲ့ တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရုရှားကမ်းတက်သင်္ဘောတစ်စင်းနဲ့ ရေငုပ်သင်္ဘောတစ်စင်း ပျက်စီးသွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ဗြိတိန်နိုင်ငံမှ ထောက်ပံ့ပေးထားတဲ့ Storm Shadow ခရုဇ်ဒုံးကျည်တွေကို အ သုံးပြုပြီး တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ အဆိုပါသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒုံးကျည်နဲ့ တိုက်ခိုက်တာကြောင့် ရုရှားစစ်သင်္ဘော ၂ စင်း ပျက်စီးခဲ့ဖွယ်ရှိပြီး ယူကရိန်းနိုင်ငံအတွက် အ ခြေအနေကောင်းတယ်လို့ ယူကရိန်းစစ်တပ်ထောက်လှမ်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဒေသန္တရမီဒီယာတွေ ကို ပြောကြားခဲ့ပါတယ်။
စက်တင်ဘာလ ၁၄ ရက်က ခရိုင်းမီးယားဒေသကို တိုက်ခိုက်ရာမှာ ယူကရိန်းတပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ မောင်းသူမဲ့လေယာဉ် ၁၁ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပင်လယ်နက်အတွင်းရှိ ရုရှားစစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ ယူကရိန်း မောင်းသူမဲ့သင်္ဘော ၅ စင်းကို ရုရှားတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံတစ်ဝှမ်း ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့ တွေက ဒရုန်း ၁၇ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ကိုးကား – NHK
Ref; Ukraine used British cruise missiles in attack on Crimea, sources say