
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
မြောက်ကိုရီးယားနဲ့ရုရှားက လက်နက်ထောက်ပံ့ရေး သဘောတူညီချက်တွေ၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်မယ်ဆိုရင် အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားနိုင်ငံက သတိပေးလိုက်ပါတယ်။
၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီ မာပူတင်တို့က စက်တင်ဘာလ ၁၃ ရက်မှာ ရုရှားအရှေ့ပိုင်းရှိ အာကာသစင်တာတစ်ခုမှာ ထိပ်သီးဆွေးနွေးပွဲတစ် ခု ပြုလုပ်ခဲ့ပါတယ်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေး ကို ခြိမ်းခြောက်စေတဲ့ လုပ်ရပ်တွေမှာ ပါဝင်မယ်ဆိုရင် မြောက်ကိုရီးယားနဲ့ရုရှားက တန်ရာတန်ကြေး ပေးဆပ်ရ မယ်” လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီ (NSC) က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာ ကန့်သတ်ချက်တွေအရ ပိတ်ပင်ထားတဲ့ လက်နက်ကုန်သွယ်မှုနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ မပါဝင်ဖို့ NSC ကော်မတီဝင်တွေဖြစ်တဲ့ အမျိုးသားလုံခြုံရေးအကြံပေး ချိုတေးယန်၊ နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဂျင်နဲ့ ကာကွယ်ရေးဝန်ကြီး လီဂျောင်ဆပ်တို့က မြောက်ကိုရီးယားနဲ့ရုရှား ကို တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ရုရှားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်၊ ဂျပန် အမျိုးသားလုံ ခြုံရေးအကြံပေး အကီဘာတာကီယိုတို့နဲ့ ဖုန်းပြောဆိုမှုအတွင်း ချိုတေးယန်က ထည့်သွင်းပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ရုရှားနိုင်ငံက လက်နက်ကုန်သွယ်မှုနဲ့ စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ပိုပြီး တာဝန်ရှိတယ်လို့ အမျိုး သားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ၃ ဉီးက ပြောတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြောက်ကိုရီးယားနဲ့ရုရှားကြား စစ်လက်နက်ထောက်ပံ့ရေး သဘောတူညီချက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်မှုဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတိ ပေးခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ရုရှားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်က တောင်ကို ရီးယားနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာရင် လက်တုံ့ပြန်မယ့် အစီအမံတွေနဲ့ပတ်သက်လို့ အမေရိကန်၊ အခြားတိုင်းပြည်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ဆို ဆတ်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယား-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်က တောင်ကိုရီး ယားနဲ့ရုရှားကြား ဆက်ဆံရေးအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတစ်ခု ရှိလာလိမ့်မယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Yonhap
Ref; Seoul warns against military cooperation between N. Korea, Russia