(စုစုပေါင်းထောင်ဒဏ် ၄ နှစ်ကျော်မှ ၉ နှစ်ကျော်အ ထိချမှတ်နိုင်တဲ့ ပုဒ်မ ၄ ခုနဲ့ တရားစွဲတင်၊တရားရုံးက အာမခံပေးထား)

ဧရာဝတီတိုင်းမ်
စစ်တွေ၊စက်တင်ဘာလ ၁၅ ရက်

အထက်အရာရှိဆေးရုံအုပ်ဆရာဝန်လင်မယားနဲ့တပည့်ဆီမှာ အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမအမှုကိုတစ်နှစ်ကျော်ကြာမှ တရားရုံးတင်နိုင်ခဲ့ပြီး လာမယ့်စက်တင် ဘာလ ၁၅ ရက်နေ့ မှာ တရားလိုဖြစ်သူကို စစ်ဆေးမယ်လို့ ကာယကံရှင်သူနာပြုဆရာမက ပြောပါတ ယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မေလ ၁၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊စေတီတောင်ဆေးရုံမှ ဆရာမတစ်ဦးကို အဲဒီဆေးရုံရဲ့ ဆေးရုံအုပ်ဆရာဝန် ဒေါက်တာညီညီမောင်၊သူ့ဇနီးနဲ့ သူ့တပည့်တို့က အဆောင်ခန်းထဲထိ ဝင်ရောက်ပြီး ရိုက်နှက်ဆဲဆိုတာတွေ ပြုလုပ်ခဲ့ကြတာပါ။

အဲဒီလို အုပ်စုဖွဲ့ရိုက်နှက်တာမတိုင်မီကလည်း ဖုန်းကနေတဆင့် လိင်ပိုင်းဆိုင် ရာစော်ကားတဲ့ အသုံးအ နှုန်းတွေနဲ့ စာပို့တာရှိခဲ့တယ်လို့ ကာယကံရှင်က ပြော ထားပါတယ်။

အဲဒီကိစ္စ ရိုက်နှက်ခံရသူကိုယ်တိုင်က အခင်းဖြစ်ပြီး နောက်တစ်ရက်မှာပဲ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး ဥပေဒရုံး ရဲ့တရားစွဲခွင့်ကိုလည်း ၂၀၂၂ ခု ဩ ဂုတ်လကတည်းကရခဲ့ပေမယ့် တစ်နှစ်ကျော်အကြာ ဒီ၂၀၂၃စက်တင်ဘာ လ ၇ ရက်နေ့ကမှ ဘူးသီးတောင်တရား ရုံးက ပုဒ်မ ၄ ခုနဲ့ တရားစွဲတင်ခဲ့တာလို့ သူနာပြုဆရာမမိသားစုက ပြောပါတယ်။

“၁၂ ရက်နေ့ရုံးချိန်းသွားလိုက်တယ်။ မစစ်ခဲ့ရသေးဘူး။တရားသူကြီး စစ်တွေသွားလို့တဲ့၊မနက်ဖြန် ထ ပ်သွားရ မယ်။” လို့ ကာယကံရှင်သူနာပြုဆရာမက ပြောပါတယ်။

အုပ်စုဖွဲ့ရိုက်နှက်ရာမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာညီညီမောင်ဟာ ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့အတွက် တ ရားစွဲတင်နိုင်ဖို့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လိုတာကြောင့် အမှုကြန့်ကြာနေခဲ့တာဖြစ်ကာ ဌာနခွင့်ပြု ချက်ကို တရားလိုမိသားစုက စစ်တွေအထိ သွားတောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအမှုကို ရဲစခန်းမှာ အမှုသွားဖွင့်တဲ့အ ခါ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ပေးခဲ့ပေမယ့် တရားရုံးကပုဒ်မတချို့ပြောင်းပြီး လေးခုနဲ့ တရားစွဲတင်လိုက်တာဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။

လက်ရှိမှာ ဒေါက်တာညီညီမောင်နဲ့ သူ့ဇနီး ဒေါ်နွယ်နွယ်ဦးတို့ကို ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ်အထိ ချမှတ်လို့ရတဲ့ (ထောင်ဒဏ်ထိုက်တဲ့ပြစ်မှုကို ကျူးလွန်ရန်အလို့ငှာ) အိမ်ကျော်နှင်းမှု ပုဒ်မ ၄၅၁၊ထောင်ဒဏ် ၁ နှစ်အထိ ချမှတ် လို့ရတဲ့ နာကျင်စေမှုပုဒ်မ ၃၂၃၊ ထောင်ဒဏ် ၁ နှစ်ထိ ချလို့ရတဲ့ အိမ်ကျော်နင်းမှုပုဒ်မ ၄၄၈ နဲ့ ထောင်ဒဏ် ၃ လအ ထိ ချမှတ်လို့ရတဲ့ ဆဲဆိုမှုပုဒ်မ ၂၉၄ တို့နဲ့ ဘူးသီးတောင်တရားရုံးက စွဲတင်ထားတာပါ။

တရားရုံးမရောက်မီ ရဲစခန်းမှာတုန်းကတော့ ပုဒ်မ ၄၅၁၊ ၂၉၄ နဲ့ ကာယအိန္ဒြေပျက်ပြားအောင် အကြံနဲ့လက်ရော က် ကျူးလွန်မှု ပုဒ်မ ၃၅၄(ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်လို့ရ) တို့နဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တရားရုံးရောက်တဲ့အခါမှာ ပုဒ်မ ၃၅၄ ကို ချန်ထားခဲ့တာ တွေ့ရပါတယ်။

ပထမဆုံး တရားစွဲတင်တဲ့ရုံးချိန်းမှာ စွပ်စွဲခံရသူ ဒေါက်တာ ညီညီမောင်နဲ့ ဇနီးဖြစ်သူတို့ကို တရားရုံးက အာမခံပေးခဲ့ တယ်လို့ ဆိုပါတယ်။

ခုတရားရုံးရောက်ပြီဖြစ်တဲ့အတွက် အ မှုကို မြန်မြန်စစ်ဆေးပြီး ပြစ်ဒဏ်ချ မှတ်စေချင်တယ်လို့ ဆရာဝန်လင်မ ယားနဲ့ သူ့တပည့်တို့ရဲ့ အုပ်စုဖွဲ့ရိုက်နှက်ခြင်းကို ခံခဲ့ရတဲ့ သူနာပြုဆရာမက ပြောပါတယ်။

“အမြန်ပြီးစေချင်တယ်။သူတို့ကိုလည်း အမြန်ဆုံး ပြစ်ဒဏ်ချစေချင်ပါတယ်။ ကြန့်ကြာသွားတာကို စောင့်ဆိုင်းနေရတာပေ့ါ အမှန်တရားတစ်ခုကို လို ချင်လို့။”လို့ သူမက ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒေါတာညီညီမောင်ကို နယ်ပြောင်းတာဝန်ချပေးထားတာကလွှဲလို့ ကျန်တဲ့အရေး ဆောင်ရွက်မှုတွေ မရှိခဲ့ပါဘူး။

ဒေါက်တာညီညီမောင်ဟာ ပြီးခဲ့တဲ့ ၂၀ ၂၂ ဇန်ဝါရီလ ၁၁ ရက်နေ့ညက သူနာ ပြုဆရာမဆီကို “အတူ တူ အိမ်မယ် မလား၊အိပ်သွားပြီလား” လို့ အဓိပ္ပါယ်ရတဲ့ “အတူတူ အိပ်ဖို့ပါမလား၊အိမ်ခပါယာလား” ဆိုတဲ့စာကို ဖုန်းကနေပို့ခဲ့ပါတယ်။

အဲဒီကိစ္စကို သူနာပြုဆရာမဟာ မြို့န ယ်ဆေးရုံအုပ်ကို တိုင်တန်းခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပြီး ၂၀၂၂ ဧပြီလ ၁၉ ရက်မှာ ဒေါက် တာညီညီမောင်ရဲ့ဇနီးဟာ ဆေးရုံက ဖန်ခွက်တွေကို ဆေးရုံအရှေ့မှာ ရိုက်ခွဲခဲ့တဲ့အတွက် အနည်း ငယ်စကားများခဲ့တာရှိတယ်လို့ ဆိုပါတယ်။

အဲဒီကနေစပြီးတော့ ဆရာဝန်လင်မယားဟာ သူနာ ပြုဆရာမပေါ် မကျေမနပ်ဖြစ်နေခဲ့တဲ့အတွက် မေလ ၁၀ ရက် နေ့မှာ အဆောင်ခန်းထဲထိ ဝင်ရောက်ပြီး အငြိုးထား ရိုက်နှက်၊ဆဲဆိုခဲ့တာဖြစ်တယ်လို့ အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ ဆ ရာမနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောထားကြပါတယ်။

ရခိုင်က အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊အဖွဲ့အ စည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအမှုကို အမြန်ဆုံးစီရင်ဆောင်ရွက်ပေးဖို့၊ထိထိရောက်ရောက်အရေးယူပေးဖို့ ထုတ်ပြန်ချက်တွေထုတ်ပြီး တိုက်တွန်းတောင်းဆိုထားကြပါတယ်။

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times