
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား စမ်းသပ်မောင်းနှင်မှုမှာ ပါ ဝင်ခဲ့တယ်လို့ နိုင်ငံပိုင် Antara News က ဖော်ပြပါတယ်။
ဂျိုကိုဝီဟာ အရှေ့တောင်အာရှဒေသရဲ့ ပထမဆုံး မြန်နှုန်းမြင့်ရထား စမ်းသပ်မောင်းနှင်မှုမှာ ပါဝင်ခဲ့ပြီး ဂျ ကာတာမြို့တော်အရှေ့ပိုင်းရှိ ဟာလင်း KCBJ ဘူတာရုံကနေ ဘန်ဒေါင်းမြို့တော်ရှိ ပဒါလာရန်းဘူတာရုံအထိ ၂၅ မိနစ်ခန့်ကြာအောင် စီးနင်းခဲ့ပါတယ်။
မြန်နှုန်းမြင့်ရထား စီးနင်းမှုခရီးစဉ်နဲ့ ရထားတွဲအတွင်း လမ်းလျောက်စဉ် သက်သောင့်သက်သာ ခံစားခဲ့ရ တယ်လို့ ဂျိုကိုဝီက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် တိုင်းပြည်စီးပွားရေး နှစ်စဉ် ကုန်ကျမှုမှာ ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံရှိ တယ်လို့ သူက ဆိုပြီး မော်တော်ကားတွေအစား လေထုညစ်ညမ်းမှုကို လျှော့ချရာမှာ အရေးပါတဲ့ ရထား၊ မြေ အောက်ရထားနဲ့ ဘတ်စ်ကားတွေ အသုံးပြုကြဖို့ ပြည်သူတွေကို ဖိတ်ကြားလိုက်ပါတယ်။
မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကို “ရပ်ဝန်းနှင့်ပိုးလမ်းမ” စီမံကိန်းအရ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင် ရွက်ပြီး အင်ဒိုနီးရှားက ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ငွေကြေးအများစု မတည်ပေးထားတဲ့ မြန်နှုန်းမြင့်ရထားစီမံကိန်းဟာ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ကုန်ကျခဲ့ပြီး ဂျကာတာမြို့တော်ကနေ ဘန်ဒေါင်းမြို့ကို ဆက်သွယ်ပေးထားပါတယ်။
အောက်တိုဘာလ ၁ ရက်မှာ မြန်နှုန်းမြင့်ရထား ပြေးဆွဲမှုကို စတင်မှာဖြစ်ပြီး ၉၉၈ မိုင်ရှိတဲ့ ဂျကာတာ-ဘန်ဒေါင်းကြား ၃ နာရီကြာ ခရီးစဉ်ကို တစ်နာရီလျင် ၂၁၇ မိုင်နှုန်းနဲ့ မိနစ် ၄၀ အတွင်း ရောက်ရှိနိုင်တော့မှာ ဖြစ် ပါတယ်။
၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တဲ့ မြန်နှုန်းမြင့်ရထားစီမံကိန်းရဲ့ ကုန်ကျစရိတ်ကို တရုတ်ဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေး ငွေ ၇၅ ရာခိုင်နှုန်းနဲ့ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ကိုးကား – Anadolu
Ref; Indonesian president test drives Southeast Asia’s 1st high-speed train