ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

မန္တလေးတိုင်း၊ စစ်ကောင်စီလက်အောက်ခံ တံတားဦးလေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး နှင့်ဇနီးဖြစ်သူတို့ ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံရကြောင်း သိရသည်။

တံတားဦးလေကြောင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးသန်းမင်းစိုးနှင့် ဇနီး ဒေါ်သူဇာထွန်းတို့သည် စစ်ကိုင်း မြို့နယ်အတွင်းရှိ သလွန်ဖြူကျေးရွာအနီးတွင် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တံတားဦးရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။

“သူတို့ရွာကို မိသားစုလိုက် အလည်သွားကြတာ။ ရွာကပြန်တော့မှ အပစ်ခံရပြီး လင်မယားနှစ်ယောက်လုံး သေတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

ဒုရဲမှူးလင်မယားကို မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်သွားသည်ကို မသိရှိရသော်လည်း ဖြစ်ပွားမှုဖြစ်စဉ်မှာ မှန်ကန်ကြောင်းကို စစ်ကိုင်းမြို့နယ်တော်လှန် ရေးတပ်ဖွဲ့၀င်တစ်ဦးက အတည်ပြုပြောသည်။

“ဖြစ်စဉ်ကတော့မှန်ပါတယ်။ ဘယ်အဖွဲ့က လုပ်တယ် ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး”ဟု ဆိုသည်။

ဓာတ်ပုံ-မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး)

#မန္တလေးတိုင်း #တံတားဦးလေဆိပ် #ဒုရဲမှူးနှင့်ဇနီး #ပစ်ခတ်ခံရ# သေဆုံး #Ayeyarwaddy_Times