ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်

ဖြုတ်ချခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျလူမျိုး စီးပွားရေးအကြံပေးဟောင်း ရှောင်တာနဲလ်က မြန်မာနိုင်ငံဘဏ်တွေကို ဒဏ်ခတ်အရေးယူဖို့ သြစတြေးလျအစိုးရကို တောင်းဆိုနေပါတယ်။

ရှောင်တာနဲလ်ဟာ မြန်မာစစ်တပ် အာဏာပိုင်တွေရဲ့ ရက်ပေါင်း ၆၅၀ အကျဉ်းချခံခဲ့ရပါတယ်။ ရှောင် တာနဲလ်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဉပဒေ ချိုးဖောက်မှုကြောင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့လွတ်ငြိမ်းချမ်းသာခွင့် တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ကောင်စီ အာဏာ ပိုင်တွေက ရှောင်တာနဲလ်ကို လွှတ်ပေးခဲ့တာကြောင့် သူဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ သြစတြေးလျနိုင်ငံသို့ ပြန် လာခဲ့ပါတယ်။

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံလို သြစတြေးလျက မြန်မာနိုင်ငံပိုင်ဘဏ် တွေကို အရေးယူဖို့ သူက တောင်းဆိုပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန် အာဏာပိုင်တွေရဲ့လမ်းစဉ်အတိုင်း ဒဏ်ခတ်အရေးယူမှုတွေ လုပ် ဆောင်သင့်တယ်လို့ ရှောင်တာနဲလ်က Australia Broadcasting Corp သို့ ပြောပါတယ်။

မြန်မာဘဏ်တွေအပေါ် ထပ်တိုး အရေးယူမှုတွေပြုလုပ်ဖို့ ရှောင်တာနဲလ်ရဲ့ တောင်းဆိုချက်နဲ့ပတ်သက် လို့ သြစတြေးလျအစိုးရ တာဝန်ရှိသူတွေရဲ့ မှတ်ချက်စကား မရသေးပါဘူး။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အ ရေးယူမှုတွေ၊ ခရီးသွားလာခွင့် ပိတ်ပင်တာတွေအပြင် ပြည်သူကိုနှိပ်ကွက်ရာမှာ စစ်ကောင်စီကို ကူညီနေတဲ့ စီး ပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူကြောင်း သြစတြေးလျနိုင်ငံက ဒီနှစ်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ကိုးကား – VOA
Ref; Former Australian Adviser to Aung San Suu Kyi Calls for Sanctions on Myanmar’s Banks

#Ayeyarwaddy_Times