
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်
နေပြည်တော်တွင် နှစ်နှစ်ကျော်ကြာမတရားအကျဉ်းကျခံနေရသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ အသက်အန္တရာယ်ဖြစ်ပေါ်စေရန်ရည်ရွယ်ဖန်တီးထားသဖြင့် အထူးစိုးရိမ်ပူပန်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ စက်တင်ဘာ ၁၄ တွင် ထုတ်ပြန်ထားသည်။
အသက်ရွယ် ၇၈ နှစ်ရှိလာပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အထူး အလေးထားရသည့်အရွယ်ရောက်ရှိနေပြီဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်သောကျန်းမာရေးစောင့်ရှောက်ခွင့်၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာအပါအဝင် သင့်တင့်သောနေရာထိုင်ခင်းများစီမံထားခြင်းမရှိ၍ အထူး စိုးရိမ်ရပြီး ကျန်းမာရေးတစ်စုံတရာချို့ယွင်းမှုဖြစ်ကာ အသက် အန္တရာယ်ရှိစေသည့် အခြေအနေဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင် လုံးဝတာဝန်ရှိကြောင်း သတိပေးထုတ်ပြန်သည်။
စစ်ကောင်စီရပ်တည်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံတစ်ဦးအဖြစ်ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသောနေရာများတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးရပိုင်ခွင့် အခွင့်အရေးများကိုမပေးဘဲ အသက်အန္တရာယ် စိုးရိမ်ရသည့်အထိပြန်ပေးဆွဲထားသလို ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအပြစ်ဒဏ်ချမှတ်ထားရသော်လည်း မြန်မာပြည်သူလူထုသာမက နိုင်ငံတကာခေါင်းဆောင်များက ပြစ်ဒဏ်လုံးဝကျူးလွန်ကေကာင်းအပြည့်အဝယုံကြည်ထားပြီးဖြစ်ပြီး မှန်ကန်စွာရပ်တည်နေသူ နိုင်ငံရေးအကျဉ်းသားများအားလုံးခြွင်းချက်မရှိပြန်လွတ်နိုင်ရန် နိုင်ငံတကာအသိုင်းအဝန်း ထံတောင်းဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သည်။
#လူထုခေါင်းဆောင် #ဒေါ်အောင်ဆန်းစုကြည်
#ကျန်းမာရေးစိုးရိမ် #NLDထုတ်ပြန်
#Ayeyarwaddy_Times