
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်
ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် စက်တင်ဘာလအတွင်းမှ စတင်ကာ အခြေခံ စားသောက်ကုန်ဖြစ်သည့်စားသုံးဆီ ကို သတ်မှတ်ဈေးဖြင့် မရောင်းချပါက အရေးယူမည်ဟု စစ်ကောင်စီက ညွန်ကြားမှုကြောင့် ဈေးဆိုင်များတွင် ဟန်ပြသာရောင်းချနေကြကြောင်း ဒေသခံများထံမှသိရှိရသည်။
ပုသိမ်မြို့တွင်ရှိသော ကုန်စုံဆိုင်ကြီးများကို စစ်ကောင်စီက ဈေးတင်မရောင်းရန် အကြောင်းကြားပြီးနောက်ပိုင်း ဆိုင်များက ပြည်သူများကို ခဏသာရောင်းချပြီး ဆီပြတ်သည်ဟု ဆိုကာ ရောင်းချခြင်း မပြုတော့ကြောင်းသိရသည်။
“ဆိုင်တွေကသူတို့ညွန်ကြားထားပေမယ့်အရူံးခံပြီး ဘယ်ရောင်းမလဲ နည်းနည်းပဲရောင်းပြီး ကုန်ပြီပဲလုပ်ကြတာ ပြည်သူတွေပဲ ဒုက္ခရောက်ကုန်တာ”ဟု ပုသိမ်မြို့တွင်နေထိုင်သူအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။
စက်တင်ဘာလ၁၂ရက်နေ့ နံနက်ကပိုင်းက ပုသိမ်မြို့ ရှိ ကုန်စုံဆိုင်များတွင်စားသုံးဆီမရှိဟု ဆိုကာ ပဲဆီသာ ၀ယ်ယူရရှိခဲ့ပြီး အချို့ဆိုင်များက နံနက်ပိုင်းတွင် နာရီ၀က်ခန့်သာ ဟန်ပြရောင်းချ ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။
ဧရာ၀တီတိုင်းမှာ စစ်ကောင်စီက စားအုန်းဆီကို သက်သာချောင်ချိရေး ခေါင်းစဉ်နှင့် ဟန်ပြစျေးရောင်းချမှုအား မြို့နယ်တချို့တွင် စက်တင်ဘာလက စတင်ပြီး စီမံချက်ဖြင့် ရောင်းချသော်လည်း အခြေခံလူတန်းစား အများစု ဝယ်ယူ၍ မရခြင်းနှင့် သတ်မှတ်ဈေးထက် ပိုပေးကာ ၀ယ်ယူနေရခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံကသိရှိရသည်။
#ပုသိမ်မြို့ #ဆိုင်များတွင် #စားသုံးဆီ #သတ်မှတ် #ရောင်းချရန် စစ်ကောင်စီ #ညွှန်ကြား #ဟန်ပြသာ ရောင်းချ #Ayeyarwadd_Times