
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်
ရန်ကုန်တိုင်း၊ ဒရုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ နေအိမ် ၂၇ လုံးကို ဖျက်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ဇင်ဦးက ဦးဆောင်ကာ စက်တင်ဘာလ ၉ ရက်နေ့တွင် လိုက်လံသတိပေးခဲ့ကြောင်း သိတင်းရရှိသည်။
ထို နေအိမ် ၂၇ လုံးမှာ ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက်၊ ရွှေဆောင်တော်လမ်းဘေးတွင်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ဇင်ဦးမှ ဦးဆောင်ကာပြောင်းရွှေ့စရိတ် (၃၀၀၀၀၀)ကျပ် ပေးဆောင်မည်ဟုဆိုကာ ဖယ်ရှားခိုင်းနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“ဒီနေရာမှာနေလာခဲ့ကြတာလဲ ကြာပါပြီ၊ ပြည်သူတွေ နေထိုင်တဲ့ အိမ်ခြေ ၂၇ လုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ နောက်လိုက်လူမိုက်တွေက ဖျက်ပေးဖို့ လိုက်သတိပေးနေတာပါ။ ဖျက်မပေးရင် ဘူဒိုဇာနဲ့ထိုးပြီး ဖျက်မယ်လို့ပြောတယ်။ အခုလဲ လက်မှတ်တွေ အတင်းလိုက်ထိုးခိုင်းနေတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါနေအိမ် ၂၇ ကို ရန်ကုန်မြို့၊ ဖွံ့ဖြိုးရေးသုတေသနစီမံကိန်း ကျူးကျော်နေထိုင်သူများစာရင်းတွင် ပြုစုထားပြီး ၂၀၁၆ ခုနှစ်တွင် သက်သေခံ (စမတ်ကဒ်)ပြားများ ထုတ်ပေးထားကြောင်းသိရသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း သန်လျင်၊ အောင်ချမ်းသာ၊ အေးသာယာရပ်ကွက် ၁ ရပ်ကွက်၊ (၂)ရပ်ကွက်၊ (၃)ရပ်ကွက်နှင့် (၄)ရပ်ကွက်တွင်းရှိ နေအိမ်များကို စလစ်အစား ဂရန်အမည်ပေါက် အတွက်ဟုဆိုကာ အမည်စာရင်းများကောက်ယူသွားကြောင်း ဒေသခံများကပြောသည်
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
#ဒဂုံဆိပ်ကမ်းမြို့နယ် #နေအိမ်၂၇လုံး #ရပ်ကွက်အုပ်ချုပ်ရေးမှူး #ဖျက်ပေးရန် #လိုက်လံသတိပေး #ဘူဒိုဇာနှင့်ထိုး #ဖယ်ရှား#ခြိမ်းခြောက် #Ayeyarwaddy_Times