ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့တွင် စက်တင်ဘာလ ၁၂ရက်နေ့က စတင်ပြီး စားသုံးဆီ ရောင်းချသည့်ဆိုင်များမှာ အလွယ်၀ယ်ယူမရပဲ ဈေးခေါင်းလတ်မှတ်နှင့်သာ ၀ယ်ယူရကြောင်း ဒေသခံများထံမှသိရှိရသည်။

“ဆိုင်က လတ်မှတ်ယူပြီး စည်ပင်ဈေးခေါင်းဆီက တံဆိပ်တုံးပါမှ ရောင်းပေးတာ တံဆိပ်တုံးထုတဲ့ နေရာမှာ လူတွေတန်းစီနေရတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဈေးခေါင်းဆိုသူ၏ တံဆိပ်တုံးပါသော လတ်မှတ်ပါရှိပါက တစ်ဦးလျှင် စားသုံးဆီ ၅၀သား၀ယ်ယူခွင့်ရရှိကြောင်း သိရှိရပြီး ဆိုင်တွင်ဆီကုန်သွားပါက နောက်ရက်တွင် ပြန်တန်းစီရသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်းသိရှိရသည်။

ဧရာ၀တီတိုင်းမှာ စစ်ကောင်စီက စားသုံးဆီကို သက်သာချောင်ချိရေး ခေါင်းစဉ်နှင့် ဟန်ပြစျေးရောင်းချမှုအား မြို့နယ်တချို့တွင် စက်တင်ဘာလက စတင်ပြီး စီမံချက်နှင့် ပြုလုပ်နေပြီး အခြေခံလူတန်းစားအများစု ရရှိခြင်းမရှိပဲ ဆီ၀ယ်ယူရရှိမှု မရှိုခြင်းနှင့် သတ်မှတ်ဈေးထက် ပိုပေးကာ၀ယ်ယူနေရခြင်း စသည့် အခက်အခဲများနင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံကသိရှိရသည်။

#ငပုတော #စည်ပင်ဈေးခေါင်းလတ်မှတ်ပါမှ #စားသုံးဆီ၅၀သား #၀ယ်ယူခွင့်ရ #Ayeyarwaddy_Times